Runningman ဆိုတဲ့ variety show ဟာ နှစ်ပေါင်း ခြောက်နှစ်ကျော် နီးပါးရုပ်သံလွင့်ခဲ့တဲ့ အစီအစဉ်တစ်မျိုးပါ။ ကိုရီးယားနိုင်ငံမှာ အပြင်နိုင်ငံတကာ မှာ အမာခံပရိသတ်တွေရရှိပြီး ရူးသွပ်ခဲ့ကြတဲ့ ပရိုဂရမ်တစ်မျိုးပါ။ အဖွဲ့ဝင် gary ရှိုးမှ နှုတ်ထွက်မယ်လို့ အတည်ပြုလိုက်သောအခါ....

Runningman မှာ စုစုပေါင်း အဖွဲ့ဝင် ရယောက်ရှိပါတယ်။ အရင်တုန်းက တော့ ၈ယောက်အထိရှိခဲ့ပြီး ဆောင်ဂျွန်းကီနှင့် လစ်ဇီ ထွက်သွားပြီးနောက်ပိုင်း ရယောက်တည်းနှင့် ရပ်တည်ခဲ့တာတော်တော်ကိုကြာပါပြီ။ ထိုအဖွဲ့ဝင်တွေဟာ တီဗီထံမှာသာမက အပြင်မှာပါ မိသားစုလိုမျိုးနေခဲ့ကြတယ်ဆိုတာ Runningman ချစ်တဲ့ပရိသတ်တွေအားလုံးသိမှာပါ။

Lessang ဆိုတဲ့ hiphop အဖွဲ့က အဆိုတော်တစ်ယောက်အဖြစ်လဲရပ်တည်နေတဲ့ ဂယ်ရီဟာ Runningman မှ နှုတ်ထွက်မယ်လို့ အတည်ပြုလိုက်ပါတော့တယ်။ နှုတ်ထွက်ရတဲ့ အကြောင်းအရင်းကတော့ သီချင်းဘက်မှာ ပိုပြီးအာရုံစိုက်ချင်လို့လဲပြောခဲ့ပါတယ်။

ထိုသတင်းဟာ Runningman ကိုအသဲစွဲကြိုက်တဲ့ ပရိသတ်တွေအတွက်တော့ တကယ့်ကို ဝမ်းနည်းကြေကွဲစရာသတင်းပါဘဲ။ Monday Couple ဆိုပြီး စိတ်ကူးယဉ်ခဲ့ရတဲ့ ဆုန်ဂျီဟို နှင့် ဂယ်ရီတို့ရဲ့ အတွဲဟာ နောက်ဆုံးတော့ ပြိုပျက်သွားခဲ့ရပါပြီ။

ဂယ်ရီဟာ ထွက်မယ်ဆိုပြီး ကြံစည်ခဲ့တာ ဒီတစ်ခေါက် ပထမဦးဆုံးအကြိမ်မဟုတ်ဘဲ အရင်တုန်းကလည်း ထွက်မယ်ဆိုပြီးပြုလုပ်ခဲ့ပါသေးတယ်။ သတင်းမှားဘဲဖြစ်မှာပါဆိုပြီး မျှော်လင့်နေခဲ့သော်လည်း ယခုတော့ အတည်ပြုလိုက်ပါပြီ။ Runningman ကို အောက်တိုဘာ ၃၁ ရက်နေ့မှာ ဂယ်ရီနှင့်အတူ နောက်ဆုံးအကြိမ်ရိုက်ကူးခဲ့ပြီး နိုဝင်ဘာလကစပြီး ဂယ်ရီမပါဘဲဆက်လက် ရိုက်ကူးသွားမှာဖြစ်ပါတယ်။

အဖွဲဝင်ခုနှစ်ယောက်နှင့်အတူ အခတ်အခဲမျာစွာကျော်ဖြတ်လာတဲ့ Runningman၊ ကြည့်ရှု့သူတွေနှင့်အတူတူကြီးပြင်းလာတဲ့ Runningman ဟာ အရင်ကလိုမတူတော့မှာသေချာပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။