လူကိုရောဂါဖြစ်စေတဲ့ စီးကရက်တွေကို အစားထိုး သိပ္ပံနည်းကျလုပ်ထားတဲ့ E-Cigarette တွေကို လူငယ်တော်တော်များများ စီးကရက်အစစ်နေရာမှာ အစားထိုးသောက်သုံးလာကြပါတယ်။ သူကတော့ တကယ့်စီးကရက်အစစ်လို ရောဂါဖြစ်စေမယ့် အာနိသင်မရှိဘဲ အနံ၊အရသာ၊ ခံစားမှုတူညီအောင်လုပ်ထားတဲ့ စီးကရက်အတုပုံစံမျိုးဖြစ်ပါတယ်။

ကနေဒါ၊ Alberta မှ အသက် ၁၆နှစ်အရွယ်သာရှိတဲ့ Ty Greenလို့ခေါ်တဲ့ ကောင်လေးဟာ E-Cigarette ကိုသောက်သုံးပြီး မျက်နှာမှာ ဒုတိယအဆင့်ပြင်းထန်တဲ့ လောင်ကျွမ်းမှုဒဏ်ရာ ရရှိခဲ့ပါတယ်။ 

တရုတ်ကထုတ်တဲ့ E-Cigarette တစ်မျိုးကို စမ်းသောက်ကြည့်ရင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့တာပါ။ ကံကောင်းစွာနဲ့ အသက်မသေဘဲ မျက်နှာအနှံအပြား ဒဏ်ရာရရှိခဲ့ပြီး၊ သွားအချို့ကျိုးသွားခဲ့ပါတယ်။

မျက်မှန်တပ်ထားခဲ့တဲ့အတွက် ကံကောင်းပြီး မျက်လုံးထိခိုက်မှုတစ်စုံတစ်ရာ မဖြစ်ပွားခဲ့ဘူးလို့ Tyရဲ့ဖခင်ကနေ ပြောကြားခဲ့ပါတယ်။ တရုတ်ပြည်ကထုတ်တဲ့ အဆိုပါ E-Cigarette တံဆိပ်ကို အင်တာနက်ကနေဝယ်ယူခဲ့ပြီး ပစ္စည်းရောင်းချမှုမှတ်တမ်းမှာတော့ အရင်က မတော်တဆမှုတစ်စုံတစ်ရာဖြစ်ပွားခဲ့ခြင်း မရှိဘူးလို့သိရပါတယ်။

အခုလက်ရှိလူငယ်တွေတိုင်းမှာ စတိုင်အနေနဲ့ရော၊ ကုန်ပစ္စည်းတစ်ခုအနေနဲ့ပါ သုံးစွဲသောက်သုံးလာကြတဲ့ E-Cigarette နဲ့ပတ်သတ်ပြီး မတော်တဆမှုတစ်စုံတစ်ရာမဖြစ်စေရန် သတိထားဖို့ တိုက်တွန်းလိုက်ပါတယ်။

Source : emofashion

Translated by Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။