ကျွန်တော်တို့ က တစ်နှစ်မှ တစ်ခါလောက်သာတွေ့ရတာမို့လို့ အဆင်မပြေတော့တဲ့အတွက်ကြောင့် မနှစ်ကတည်းက ကွာရှင်းဖို့ ပြင်ဆင်ခဲ့တာပါဆိုပြီး အင်တာဗျူးတစ်ခုမှာပြောကြားခဲ့တဲ့အခါ အောင်လရဲ့ ဇနီးဟောင်းဖြစ်တဲ့ မမိုးငယ်ဟာ ထိုကဲ့သို့ဖြေကြားချက်တွေဟာ သူမကို နာစေတဲ့အကြောင်း၊ ကွာရှင်းဖို့လုပ်ထားတဲ့ မိန်းမတစ်ယောက်ရဲ့ နာမည်ကို ရင်ဘတ်မှာ ဘာလို့ တက်တူးထိုးခဲလဲ စတဲ့မေးခွန်းများစွာနှင့်ပြန်ပြောလိုက်ပြီ....

" မင်းငါ့ကိုတကယ် မချစ်ပါဘူး၊ လိုချင်ရုံသက်သက်ပါ " ဟုတ်လား???

" ငါက မစားရတဲ့ အမဲ သဲနဲ့ပက်နေတာ " ဟုတ်လား ???

" long distance relationship ကအဆင်မပြေလို့ လမ်းခွဲဖို့ တနှစ်လောက်ထဲက ပြောထားပီးသား " ???

August လတုန်းက ဖြေခဲ့တဲ့ interview မှာ ကျွန်တော်နောက်နှစ် Australia သွားမှာ ကြာမှာမို့ အခွေ၂ခွေစာ လုပ်နေတယ်၊ ဟိုမှာသားသမီးလဲ ယူမှာမို့လို့ မင်းကိုယ်တိုင် ပျော်ပျော်ရွှင်ရွှင်ဖြေခဲ့တာပါ. Long distance relationship မို့ မင်းPR လျှောက်ပီး ကျတာနဲ့ ဟိုဘက်တလှည့်၊ ဒီဘက်တလှည့် နေကြမယ်လို့ မင်း March လ Australia လာတည်းက plan တွေချပြီး တို့၂ယောက် ပျော်နေခဲ့တာပါ...

ကွဲဖို့ပြောထားတဲ့ မိန်းမတယောက်အတွက် ဒီနှစ် May14 မိုးငယ် မွေးနေ့မှာ ရင်ဘတ်မှာနာမည်တက်တူးထိုးပီး လက်ဆောင်ပေးခဲ့တာ အံ့သြဖို့မကောင်းဘူးလား၊....

မင်းနဲ့ငါ ၂၀၀၉ ကနေ ၂၀၁၆ ထိ ၈နှစ် relationship မှာ ငါမင်းအပေါ် ထားခဲ့တဲ့ စေတနာတွေ၊ လုပ်ပေးခဲ့တာတွေအားလုံး ငါ မင်းကို ဘယ်လောက်ချစ်လဲ သက်သေပြဖို့ မလုံလောက်ခဲ့ဘူးလား၊ မင်းကိုလိုချင်ရုံသက်သက်နဲ့ ငါဒီလောက်ပင်ပန်းခံခဲ့တယ်များ ထင်နေခဲ့လား...

မစားရတဲ့ အမဲသဲနဲ့ပက်ဖို့ နေနေသာသာ မရည်ရွယ်ပဲ ဖြစ်သွားတဲ့ ကိစ္စတွေမှာ... ဘာပဲဖြစ်ဖြစ် ငါအမြဲရပ်တည် ကာကွယ်ပေးနေကြ၊ ငါအရမး်ချစ်တဲ့ ယောက်ျားတယောက်ရဲ့ ဂုဏ်သိက္ခာပါတဲ့အတွက် ငါဘယ်လောက်ထိခံစားရလဲ၊ စိတ်ဆင်းရဲရလဲ ဘယ်သူမှမသိနိုင်ဘူး၊ ကိုယ်တိုင်ခံစားဖူးမှ နားလည်ကြမှာ၊ ဒါပေမယ့် တခါတလေ အချိန်တခု အခြေအနေတခုမှာ ကိုယ်ကတစုံတယောက်ကို ညှာတာလို့ ငြိမ်ခံလိုက်တဲ့အခါ ကိုယ့်လိုမစာနာ မငဲ့ညှာတတ်တဲ့သူတွေကြောင့် အမှန်ကအမှားဖြစ်သွားတာတွေ များလွန်းလို့၊ အကွက်ကျကျ ကပြောင်းကပြန် လုပ်တတ်တဲ့ ယုတ်မာတတ်တဲ့သူတွေရဲ့ အကျင့်ကိုသိလို့၊...

မင်းကို ငါစိတ်မဆိုးပါဘူး၊ ဒီလိုဖြစ်တာ ဘယ်သူ့ကြောင့်လဲ ပိုသိလို့လဲ အပြစ်မတင်ဘူး.. ဒီအချိန် ငါဘာပြောပြော ငါ့ကိုမကောင်းမြင်နေမယ်ဆိုတာလဲ သိပြီးသားပါ.. အဆင်မပြေတာလေးတွေ ရှိပေမယ့် ချစ်ချစ်ခင်ခင် ပျော်ပျော်ရွှင်ရွှင်နဲ့ ငါတို့အကောင်းဆုံးတည်ဆောက်ဖို့ ကြိုးစားနေတဲ့အချိန်မှာ တမင်လာဖျက်စီးခံရတာကိုပဲ နာကျည်းတယ်၊ လူတယောက်ရဲ့ ခံစားချက်နဲ့ ဘဝတွေဆိုတာ ကစားစရာမဟုတ်ပါဘူး၊ ငါအပြစ်တင်တာ ကံတရားပဲ၊ အားလုံးလဲ ဖြစ်ပီးသွားပြီ၊ ပြင်ဆင်လို့မရတော့တဲ့ အခြေအနေတခုမှာ အနည်းဆုံး အမှန်အတိုင်း ငါ့ကိုယ်ငါ ရပ်တည်ကာကွယ်သင့်တယ်လို့ ထင်တယ်၊ ငါလဲ အထိမခံနိုင်အောင် နာကျင်ပီး သည်းခံနိုင်စွမ်းလဲ ဂိတ်ဆုံးရောက်နေပီ၊ ငါ့ကို မိအေး၂ခါနာ အဖြစ်မျိုးတော့ တွန်းမပို့ပါနဲ့၊ မင်းတို့က နာမည်ကြီးတွေပါ၊ ဘာပြောပြော... ပြောတဲ့စကားအတိုင်း အရာထင်နိုင်ပါတယ်၊ ငါ့ကိုလဲ ထပ်နာအောင် မလုပ်ပါနဲ့၊ မင်းကိုလဲ ထပ်မထိခိုက်စေချင်တော့ဘူး၊ မခံချင်စိတ်နဲ့ ဒေါသကြောင့် ဒီထက်ပိုပီး အားလုံးမထိခိုက်ခင် ကျေးဇူးပြုပီး ဒီကိစ္စကို ဒီလောက်နဲ့ပဲ ရပ်ကြရအောင်၊.....' ဟူ၍သူမရဲ့ ဖေ့ဘွတ်အကောင့်မှာတင်ခဲ့ပါတယ်။

September လအထိ သူတို့လင်မယားနှစ်ယောက်တင်ခဲ့တဲ့ ဗီဒီယိုတွေမှာ ချစ်ခင်ရင်းနှီးနေပြီး ပျော်ရွှင်နေခဲ့တဲ့ သူတို့ လင်မယားနှစ်ယောက်ဟာ အောက်တိုဘာလမှာ ကွာရှင်းခဲ့ပါတယ်။ ထို ပိုစ်ရဲ့ အောက်မှာလဲ ပရိသတ်တွေက ယခုလိုတုန့်ပြန်ခဲ့ကြပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။