အဆိုတော်အောင်ရင်ရဲ့ စတိတ်ရှိုးမှ ပုံရိပ်အချို့ နှင့် ရဲလေးရဲ့ သီချင်းအခွေအသစ်အကြောင်းတင်ဆက်သွားမှာဖြစ်ပါတယ်။

ယခင်တုန်းက နာမည်ကြီး အဆိုတော်တစ်ယောက်အဖြစ်နှင့် ရပ်တည်ခဲ့ပြီး ယခုလောလောဆယ်မှာ ' ရွှေမိုးငွေမိုးသွန်းဖြိုးလို့ရွာ' ဆိုတဲ့ ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ရဲလေးဟာ သူ့ရဲ့ ခြောက်ခွေမြောက်သီချင်းခွေ ထွက်မယ့်ရက်ကို ကြေငြာလိုက်ပါပြီ။

သီချင်းခွေ အသစ်ထွက်တိုင်း ပေါက်လေ့ရှိတဲ့ ရဲလေးဟာ သူ့ရဲ့ သီချင်းခွေကို အောင်မြင်မှုခရီးစဉ် ဆိုပြီးနာမည်ပေးထားခဲ့ပါတယ်။ ထိုသီချင်းခွေထဲမှာတော့ ရဲရင့်အောင်၊ ဂျိုကာ၊ Rio၊ နန်ဇီမေ၊ Sophia Everest၊ ခိုင်သဇင်သင်း တို့က အားဖြည့်ပြီးသီဆိုထားပါတယ်။ ထိုသီချင်းခွေဟာ နိုဝင်ဘာလ ၁၃ ရက်နေ့ လှည်းတန်း စင်တာမှာ ဖြော်ဖြေမှုတွေနှင့် အတူဖြန့်ချီသွားမယ်လို့လဲသိရပါတယ်။ ကယ် ဘယ်သီချင်းတွေ ဘယ်လောက်ပေါက်မလဲ ကြည့်လိုက်ကြရအောင်....

အောင်ရင်ရဲ့ သီချင်းကို ကြိုက်နှစ်သက်တဲ့သူတွေ တော်တော်များများ လာရောက်နားဆင်ခဲ့ကြပြီး ဇော်ပိုင်၊ R ဇာနည်၊ ဖြိုးပြည့်စုံ၊ ဝိုင်းစုခိုင်သိန်း၊ အိုင်းရင့်ဇင်မာမြင့်တို့ကလည်းအားဖြည့်ပြီး သီဆိုပေးခဲ့ကြပါတယ်။

အဆိုတော်အောင်ရင်ရဲ့ သီချင်းတွေ မကြိုက်တဲ့သူဆိုတာ တကယ့်ကိုရှားပါတယ်။ ဆေးမှုကိုရင်ဆိုင်နေရတဲ့ သားအတွက် သောကတွေများနေရတဲ့ကြားထဲက ပရိသတ်တွေအတွက် နဂိုကတည်းက ကြိုတင်စီစဉ်ထားတဲ့ရှိုးပွဲကို မဖြစ်ဖြစ်အောင်စီစဉ်ခဲ့တဲ့သူလည်းဖြစ်ပါတယ်။ ထိုပွဲကို ၂၂ ရက်နေ့က ကျင်းပခဲ့ပြီး ရှိုးနာမည်ကို '၃၂' ဟူ၍လဲ နာမည်ပေးခဲ့ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။