အနုပညာရှင်တွေရဲ့ မိသားစုနေထိုင်မှုပုံစံဟာ ပရိသတ်တွေအမြဲစိတ်ဝင်စား၊ အားကျနေတတ်တဲ့အရာ တစ်ခုပဲဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ အိမ်ကြီးလှလှကိုပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာကောင်းတဲ့မိသားစုလေးကိုပါ ပိုင်ဆိုင်ထားတဲ့ စမိုင်းတို့အကြောင်းကို တင်ပြပေးလိုက်ပါတယ်။

ပထမဆုံးအိမ်ထောင်ရေးအကြောင်းကို ပြောကြားခဲ့ရာမှာ အိမ်ထောင်သက်၁၂နှစ်နဲ့ ချစ်သူသက်တမ်းပါထည့်ပေါင်းရင် အတူတူလက်တွဲလာတာ ၁၈ နှစ်ရှိပြီဖြစ်တဲ့ စမိုင်းတို့စုံတွဲဟာ တစ်ယောက်အကြောင်းတစ်ယောက်သိပြီး နားလည်ပြီး ရန်ဖြစ်လဲ တစ်ရက်မျှသာကြာပြီ အမြဲ သူ့ဖက်ကိုယ့်ဖက်ကနေ အလျှော့ပေးနားလည်တတ်တယ်လို့ ဆိုပါတယ်။ 

ဆက်လက်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သာယာတဲ့အိမ်ထောင်ရေး၊ မိသားစုရရှိခဲ့တာဟာ ဘုရား၊တရားရဲ့ ကျေးဇူးကြောင့်လို့ ပြောခဲ့ပါတယ်။ အရင်ကတည်းက မိမိနဲ့ ခင်ပွန်းဖြစ်သူတို့ဟာ ဘုရား၊တရားအင်မတန်လုပ်တာကြောင့် ကုသိုလ်ကံကောင်းလာတယ်လို့ ထင်မိတာဖြစ်ကြောင်း ပြောခဲ့ပါတယ်။

လက်ရှိမှာပြည့်စုံနေတဲ့အခြေအနေကြောင့် သမီးလေးနှစ်ယောက်ကိုပါ လိုလေသေးမရှိ၊ မိဘတိုင်းကထားပေးချင်သလို ပြည့်ပြည့်စုံစုံထားပေးကြောင်း ဖြေဆိုခဲ့ပါတယ်။ 

အိမ်ထောင်ရေးတန်ဖိုးမထားတဲ့ လူငယ်၊ မိသားစုတွေအပေါ်ကိုတော့ စမိုင်းကနေပြီး သူမရဲ့အမြင်ကို ဒီလို ပွင့်ပွင့်လင်းလင်းပြောကြားခဲ့ပါတယ်။

Source : Look Magazine

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။