သာမာန်အားဖြင့် စကားပြောတတ်တဲ့တိရိစ္ဆာန်လို့ဆိုလိုက်ရင် ကြက်တူရွှေးကိုသာလူတိုင်းပြေးမြင်ကြမှာပါ။ စကားပြောတဲ့ တိရိစ္ဆာန်ဆိုတာကလည်း ကမ္ဘာပေါ်မှာ မရှိသလောက် ရှားပါတယ်။ ဒါကြောင့်ပဲ လူတိုင်းလက်ခံထားကြတာကတော့ ခွေးသည်စကားလုံးဝမပြာတတ်ဘူးဆိုတာပါဘဲ။ ဒါပေမဲ့ စကားပြောတတ်တဲ့ခွေး ရှိတယ်ဆိုရင် သင့်အနေနဲ့ ယုံနိုင်မှာပါသလား။
Husky ခွေးအမျိုးအစားဖြစ်တဲ့ ခွေးလေတစ်ကောင်ကတော့ ထူးခြားစွာစကားပြောတတ်နေပါတယ်။ ဒါဟာ ဖြစ်တောင်ဖြစ်ခဲ အခြေနေလိုပင် ဆိုရမလိုပါဘဲ။ သခင်ကသင်ပေးတဲ့အတိုင်း လိုက်ပြောတတ်တဲ့ခွေးလေးကိုတွေ့ရင် သင်ချစ်သွားမှာပါ။
ယနေ့ခေတ်မှာလည်း တိရစ္ဆာန်တွေကို အမျိုးမျိုးသင်ကြားပေးပြီး လူသားေတွအတွက် အကျိုးရှိအောင်သင်ကြားပေးလျက်ရှိပါတယ်။ ဥပမာ ပျားတွေ ကြွက်တွေကို မြေအောက်မိုင်းဗုံးတွေရှာဖွေခိုင်းတဲ့နေရာမှာ သင်ကြားပေးတာမျိုးပါ။ ခုဆိုရင်လည်း ခွေးလေး ကိုစကားပြောတက်အောင်သင်ပေးထားတာမို့ ချစ်စရာကောင်းလှတဲ့ ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။
သတင်း အရင်းအမြစ်៖ Mirror