တက္ကသိုလ်ဝင်တန်းကစပြီး ကြော်ငြာတွေရိုက်ကူးခဲ့ကာ ယဉ်ကျေးမှုနဲ့အနုပညာတက္ကသိုလ်ကျောင်းဆင်းဖြစ်တဲ့ အိချောပိုကနေ သူမချစ်ရတဲ့အနုပညာအပေါ် သဘောထားကို ဝေမျှပြောဆိုခဲ့ပါတယ်။

အခုနောက်ပိုင်းမှာ ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေကို အရည်အသွေးပြည့်ဝအောင် ပြန်လည်ရိုက်ကူးလာတဲ့အတွက် မြန်မာရုပ်ရှင်လောက အနည်းငယ် ပြန်လည ်ဦးမော့လာနိုင်ခဲ့ပါတယ်။

“အရင်ကတည်းကတော့ ဗီဒီယိုဖြစ်ဖြစ်၊ ရုပ်ရှင်ဖြစ်ဖြစ်မှာ ရုပ်ရှင် ဇာတ်ကားမှ ပိုလုပ်လိုက်မယ်ဆိုတဲ့စိတ် တော့ မထားခဲ့ဘူး။ ဒါ ပေမဲ့လည်း ရုပ်ရှင်ဇာတ်ကားကျတော့ ပိုပြီး အမှားမခံ ဘူး။ ထုတ်လုပ်သူတွေကိုလည်း ငဲ့ပေးရတာ ရှိတယ်။ ကိုယ့်ဘက်က အမှားအယွင်း မရှိအောင် ကြိုးစား သရုပ်ဆောင်ဖြစ်ပါတယ်” လို့ သရုပ်ဆောင် အိချောပိုက ပြောကြားခဲ့ပါတယ်။

အိချောပိုက နဝမတန်းဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းကျောင်းသူ ဘဝကတည်းက ကြော်ငြာတွေ စရိုက်ကူးခဲ့ပြီး အနုပညာ လောကထဲကို ဝင်ရောက်ခဲ့တာ ဖြစ်ပါ တယ်။ ငယ်ငယ်လေး တုန်းကတော့ မင်းသမီးလုပ်ဖို့ စိတ်မကူးခဲ့ဘဲ စီးပွားရေး လုပ်မယ်လို့ပဲ စိတ်ကူးခဲ့ကြောင်း ပြောပြ ပါတယ်။ အနုပညာလောက ထဲကို လျှောက်လှမ်းတဲ့အခါမှာ ပရိသတ်တွေရဲ့အားပေးမှုတွေ ကိုလည်း ရရှိခဲ့တာကြောင့် ကိုယ်ဝါသနာပါတဲ့၊ ကိုယ်ချစ်တဲ့ အလုပ်ကို မှန်မှန်ကန်ကန်နဲ့ သစ္စာရှိရှိလုပ်သွားမှာဖြစ် ကြောင်း အိချောပိုက ပြောပါတယ်။ အိချောပိုကအမျိုးသားယဉ်ကျေးမှု နဲ့ အနုပညာတက္ကသိုလ်ကျောင်းဆင်းတစ်ဦး ဖြစ်ပြီး ကျောင်းမှာ သင်ကြားခဲ့တာတွေကလည်း အနုပညာလောကမှာ အထောက်အကူဖြစ်ပါတယ်လို့လည်း ဆိုပါတယ်။

“အများကြီး အထောက်အကူ ဖြစ်ပါ တယ်။ အိချော တို့တုန်းကဆိုရင် စနေ၊ တနင်္ဂနွေ Pratical ရှိတယ်။ တနင်္ဂနွေနေ့ ဆိုလည်း အပြင်မှာ အုပ်စုလိုက် ထွက်ရိုက်ကူးကြ တယ်။ ဒါရိုက်တာ ကလည်း ဒါရိုက်တာလုပ်၊ ဇာတ်ညွှန်း ကလည်း ဇာတ်ညွှန်း၊ သရုပ်ဆောင်ကလည်း သရုပ်ဆောင်တယ်။ ကင်မရာသမားက လည်း ကင်မရာမန်းလုပ်တယ်။ ကင်မရာနဲ့မစိမ်းတော့ဘူး။ ပြင်ပ ပညာရှင်တွေလည်း လာပြီးသင်ပေးတယ် ဆိုတော့ အများကြီး အထောက်အကူဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အိချောပိုကနောက်ထပ်လည်း ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူးဖို့ရှိပြီး ဇာတ်လမ်းဆန်းဆန်းတွေ ရိုက်ကူးဖို့ရှိသလို သဘာဝဆန်တဲ့ ဇာတ်လမ်းတွေ၊ ဟာသနဲ့ဒရာမာဇာတ်လမ်းတွေ ဆက်တိုက် ရိုက်ကူးဖို့ရှိကြောင်း သိရပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။