မကြာခင် အမွှာလေးမွေးတော့မယ့် ချစ်သုဝေတို့ မိသားစု က စက်လှေတိမ်မှောက်သွားတာကြောင့်ဆုံးရူံးမှုများစွာခံစားခဲ့ရတဲ့ ကျန်ရစ်သူမိသားစုတွေကို လှူဒါန်းခဲ့ပါတယ်။

ချစ်သုဝေ နှင့် လင်းလင်း တို့ ဇနီးမောင်နှံဟာ အနုပညာရှင် စုံတွဲတွေ ထဲမှာ ကောလဟာလ မထွက်ဆုံး စုံတွဲပါ။ တကယ့်ကို လိုက်ဖက်တဲ့စုံတွဲလေးလဲဖြစ်ပါတယ်။ မုံရွာမှာ ရှိုးပွဲလုပ်ဖို့ရှိတဲ့ အတွက် မုံရွာကိုသွားရောက်ရင်း တခါတည်း လှူဒါန်းခဲ့တယ်လို့လဲသိရပါတယ်။

လှူဒါန်းပြီးနောက် ၂၃ ရက်နေ့ည မုံရွာ မှာ တစ်ကိုယ်တော်ပွဲကို လင်းလင်းတစ်ယောက်ကျင်းပခဲ့ပါတယ်။ ထိုပွဲဟာ မုံရွာမှာ ပထမဦးဆုံး one men show ကျင်းပခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေလည်း လာရောက်အားပေးခဲ့ကြပြီး လင်းလင်း အတွက် စတိတ်ရှိုးနှင့် ကွက်တိတူတဲ့ လက်မှုပညာလေးကို ပရိသတ်တစ်ယောက်က လက်ဆောင်ပေးခဲ့ပါတယ်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။