2NE1 ရဲ့ Dara က ယခုဆိုရင် ဖီလစ်ပိုင်နိုင်ငံကို သွားပြီးတော့ ယောက်ျားလေး အဆိုတော်အဖွဲ့ကို ထုတ်ပေးမဲ့ reality show မှာ ဒိုင်လူကြီးလုပ်မှာပါ။

လွန်ခဲ့တဲ့ ရက်တွေမှာဆိုရင် Dara က သူဘာတွေလုပ်နေလဲဆိုတာကို သူရဲ့ ကိုယ်ပိုင် Instagram အကောင့်မှ တဆင့် ပရိသတ်တွေကို ပြောပြပါတယ်။ အခုဆိုရင်တော့ သူ က Pinoy Boyband Superstar ဆိုတဲ့ program မှာ ရိုက်ကူးရေးလုပ်နေပါပြီ။

သူက နောက်ထပ် ဖီလစ်ပိုင်နိုင်ငံ က ဆယ်လီနှစ်ယောက် နဲ့ အတူ အရည်အချင်းရှိတဲ့ ကောင်လေးတွေကို အဖွဲ့ အနေနဲ့ ဖွဲ့ ပေးတဲ့နေရာ မှာ ဒိုင်လူကြီးအနေနဲ့ ပါဝင်မှာပါ။

2NE1 ရဲ့ အနုပညာခြေလှမ်းတွေ ကြားပြတ်နေတဲ့ အချိန် မှာ အဖွဲ့ ဝင် တစ်ယောက်ဖြစ်တဲ့ Dara ကလဲ တောင်ကိုရီးယား မှာသာမကပဲ အာရှ တစ်ဝန်းမှာပါ သူတစ်ယောက်တည်း လျှောက်လှမ်းပြီး အလုပ်တွေလုပ်နေပါတယ်။ ယခုလောလောဆယ်မှာဆိုရင်လဲ Penshoppe ဆိုတဲ့ အဝတ်တံဆိပ်ကို အာရှမှာ ကြော်ငြာနေရင်းနဲ့ အလုပ်များနေသူတစ်ယောက်ပါ။

Dara ဟာဆိုရင် 2NE1 အဖွဲ့ ကို မဝင်ခင်ကတည်းက ဖီလစ်ပိုင် နိုင်ငံရဲ့ Star Circle Quest မှာ မင်းသမီးတစ်ယောက် အနေနဲ့ အနုပညာခြေလှမ်းကို စတင်ပြီးလှမ်းခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

Dara က ကိုရီးယားဖြစ်ရဲ့သားနဲ့ ဖီလစ်ပိုင်မှာဘာလို့ အနုပညာခြေလှမ်းစတင်ခဲ့လဲဆိုတာသိချင်ရင်တော့ ဒီလင့်ကို နှိပ်လိုက်ပါ။ www.myanmarload.com/news/30

translated by Anna

Source: koreaboo

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။