ငလျင်ကြောင့်ပြိုကျလာတဲ့ အပျက်အစီးတွေအောက်မှာ ထူးထူးဆန်းဆန်း အသက်ရှင်ခဲ့တဲ့ ကလေးတွေရဲ့ဖြစ်ရပ်

//s9.kh1.co/ea/ea431298bf2aec1381702d097ebffd2d64496c36.jpg
ဗဟုသုတအဖြာဖြာ

 ၂၂-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.


ပြီးခဲ့တဲ့ ၁၉၈၅ ခုနှစ် စက်တင်ဘာလ ၁၉ရက်နေ့က မက္ကဆီကိုနိုင်ငံမှာ Michoacan လို့ခေါ်တဲ့ လူသတ်ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပါတယ်။
နံနက် ၇ နာရီလောက်မှာ လှုပ်ခတ်ခဲ့တဲ့ ဒီငလျင်ရဲ့ ပျင်းအားဟာ ၈.၀ ရစ်ချက်တာစကေးရှိပြီး ဒီငလျင်ကြောင့် လူပေါင်း ၁၀၀၀၀ ကျော်လောက်သေဆုံးပြီး အဆောက်အဦးပေါင်း ၃၀၀၀ ကျော်လောက် ပြိုကျပျက်စီးခဲ့ပါတယ်။




https://s9.kh1.co/__image/w=300,h=202,q=100/9e/9e5691178f397cc1088c026e591ba8900c1192cb.jpg

ပျိုကျပျက်ဆီးသွားတဲ့အထဲမှာတော့ သားဖွားဆေးရုံတစ်ခုပါ ပါသွားခဲ့ပြီး ဒီဆေးရုံကြီးမှာရှိနေတဲ့ ဆရာဝန်တွေ လူနာပြုတွေ လူနာတွေ ၊ မွေးမိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေဟာ အပျက်အစီးတွေအောက် ရောက်သွားခဲ့ပါတယ်။
ဒါ့ကြောင့်ပဲ ဆရာဝန်တွေ လူနာတွေတော်တော်များများသေဆုံးခဲ့ပြီး ဒီဆေးရုံကြီးရဲ့ အပျက်အစီးတွေကို ၇ ရက်လောက်အချိန်ယူပြီး ရှင်းလင်းခဲ့ရပါတယ်။
ရှင်းလင်းနေတဲ့အချိန်မှာလည်း အလောင်းတွေများစွာတွေ့ခဲ့ရပေမယ့် ထူးဆန်းတာတစ်ခု ရှိခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=403,q=100/79/790276a3e3a1ad353541312807d6a5f41022fff9.jpg
https://s9.kh1.co/__image/w=299,h=168,q=100/fc/fc50580f93d563e08673708479eec434e6eb3163.jpeg

ဒါကတော့ အပျက်အဆီးတွေအောက်ရောက်သွားတဲ့ မွေးကင်းစကလေးငယ်လေးတွေဟာ ထူးဆန်းစွာအသက်ရှင်နေတာပဲ ဖြစ်ပါတယ်။
အပျက်အစီးတွေအောက် ရောက်နေတဲ့ ၇ ရက်လုံးလုံး ဒီကလေးတွေဟာ နို့လဲမသောက်ခဲ့ရသလို ဘာအစာရေစာမှလဲ မစားခဲ့ရသလို ဒီ ၇ ရက်ဆိုတဲ့အချိန်ဟာ ယောကျာ်းရင့်မာကြီးတစ်ယောက်ကိုတောင် သေသွားစေလောက်ပါတယ်။
ဒါပေမယ့်လည်း ကလေးငယ်လေးတွေအားလုံးဟာ အသက်ရှင်နေခဲ့ပြီး သူတို့ဘာ့ကြောင့် အသက်ရှင်နေလဲဆိုတာက ယနေ့ထက်ထိ သေချာအဖြေမထုတ်နိုင်သေးတဲ့ ထူးဆန်းတဲ့ကိစ္စတစ်ခုအ​ဖြစ်ရှိနေတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=600,h=909,q=100/ff/ff4b0b556987005cb7daab8864c6fbfcd7420413.jpg
https://s9.kh1.co/__image/w=600,h=400,q=100/cc/cc48372e2cfefaecb9950c63dfda027f34b8ac46.jpg

သတင်း အရင်းအမြစ်pri.org

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T