ယနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ ကျဆုံးသွားတဲ့ KPDF လူငယ်တစ်ဦးရဲ့ရုပ်အလောင်းကိုထမ်းပြီး ပြန်ခဲ့ရတဲ့ ရှေ့တန်းကရဲဘော်တွေရဲ့ပုံရိပ်တစ်ချို့

//s9.kh1.co/46/46f60c142e02c231c76a891cb5810d3aeaf3cfc1.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

ယနေ့ဖြစ်ပွားတဲ့တိုက်ပွဲမှာ ကျဆုံးသွားတဲ့ KPDF လူငယ်တစ်ဦးရဲ့ရုပ်အလောင်းကိုထမ်းပြီး ပြန်ခဲ့ရတဲ့ ရှေ့တန်းကရဲဘော်တွေရဲ့ပုံရိပ်တစ်ချို့

အာဏာသိမ်းပြီးမကြာခင်မှာပဲ ကယားပြည်နယ်မှာ တိုက်ပွဲတွေဆက်တိုက် ဖြစ်ပွားလာခဲ့တာက ယခုအချိန်အထိပဲ ဖြစ်ပါတယ် ။ ကယားပြည်နယ်မှာရှိတဲ့ KNDF၊ KPDF နဲ့ အခြားကရင်နီပူးပေါင်းတပ်ဖွဲ့တွေက အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ကို ရွပ်ရွပ်ချွံချွံ တော်လှန်တိုက်ထုတ်နေတာ ဖြစ်ပါတယ် ။ ကယားပြည်နယ်အတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ကျဆုံးခဲ့ရတဲ့ရဲဘော်တွေရှိလာခဲ့ပြီဖြစ်သလို ပြည်သူတွေလည်း စစ်ဘေးရှောင်နေရဆဲ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ယနေ့စက်တင်ဘာလ (၂၀) ရက်နေ့မှာဆိုရင်လည်း ကယားပြည်နယ်မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေကြောင်း သိရှိရတာပဲ ဖြစ်ပါတယ် ။ ကယားပြည်နယ်အတွင်းရှိ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာရွာ၊ (၅)မိုင် (၆)မိုင်အနီးမှာ အာဏာသိမ်းလက်နက်ကိုင်အဖွဲ့နဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ် ။ ယနေ့နေ့လည်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ဒီတိုက်ပွဲမှာတော့ KPDF ဘက်က ရဲဘော်(၁)ဦးကျဆုံးပြီး (၄)ဦးဒဏ်ရာရရှိသွားကြောင်း သိရတာ ဖြစ်ပါတယ် ။

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader

ဒါ့အပြင် အာဏာသိမ်းလက်နက်ကိုင်အဖွဲ့ဘက်က ကုန်းသာရွာထဲကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နေအိမ်တစ်ချို့ ပျက်စီးခဲ့ရပြီလည်း ဖြစ်ပါတယ် ။ ရွာသားတစ်ဦးလည်း လက်နက်ကြီးကျည်စ ထိမှန်ခဲ့တာကြောင့် ဒဏ်ရာရရှိခဲ့တာ ဖြစ်ပါတယ် ။ ကျဆုံးသွားတဲ့ရဲဘော်ရဲ့အလောင်းကိုသယ်ပြီး ပြန်ခဲ့ရတဲ့ KPDF လူငယ်တစ်ဦးရဲ့ပုံရိပ်ကလည်း ပြည်သူတွေကိုပါ ဝမ်းနည်းစိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ရှေ့တန်းက ရဲဘော်တွေရဲ့ပုံရိပ်တစ်ချို့ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Photo Credit-Original Uploader

Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Photo Credit-Original Uploader
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T