ဆေးလိမ်းခံနေတဲ့ ရဲဘော်တစ်ဦးကို ဝိုင်းဝန်းပြုစုပေးရင်းနဲ့ ဘေးကနေ စနောက်ကျီစယ်နေကြတဲ့ PDF လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/77/7766d7da99a177f05a3f5bf5b4b63bbb5d8b6285.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ဆေးလိမ်းခံနေတဲ့ ရဲဘော်တစ်ဦးကို ဝိုင်းဝန်းပြုစုပေးရင်းနဲ့ ဘေးကနေ စနောက်ကျီစယ်နေကြတဲ့ PDF လူငယ်လေးတွေရဲ့ဗီဒီယိုဖိုင်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ရဲဘော်တွေကတော့ သူတို့ရဲ့နေအိမ်တွေကို စွန့်ခွာပြီး တောထဲတောင်ထဲမှာ စစ်ပညာသင်ယူနေရတာ ဖြစ်ပါတယ် ။ PDF လူငယ်တွေက ပင်ပန်းမှုဒဏ်တွေကို ကြံ့ကြံ့ခံရင်ဆိုင်ပြီးအားတင်းရှင်သန်နေကြတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့တွေက အချင်းချင်း သွေးစည်းညီညွတ်ပြီး တကယ့်ကို ညီအစ်ကိုအရင်းအချာတွေပမာ ရင်းနှီးနေကြတာလည်း ဖြစ်ပါတယ် ။

Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page

အခုလည်း YGN Special Team က သူတို့အနေနဲ့ လက်ရှိမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတစ်ချို့ကို ဖွင့်ဟပြောပြထားတာ တွေ့ရပါတယ်။ "အခင်းမရှိတဲ့ မြေပြင်မှာ အိပ်လို့ရတယ် ဟင်းမရှိလည်း ထမင်းစားလို့ရတယ် ဒဏ်ရာရှိပြီး ဆေးမရှိလည်းဖြစ်တယ် စစ်တိုက်ဖို့ သေနတ်မရှိရင် ဘယ်ဖြစ်မလဲဗျာ" ဆိုပြီး ပြောထားတာ ဖြစ်ပါတယ် ။ ဒါ့အပြင် သူတို့က စခန်းကပြည်သူ့ရဲဘော်တွေရဲ့ဗီဒီယိုဖိုင်လေးတစ်ခုကိုလည်း မျှဝေထားတာ ဖြစ်ပါတယ် ။

Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page

ဒီဗီဒီယိုထဲမှာတော့ ရဲဘော်တစ်ယောက်က ဒဏ်ရာရထားလို့ ဆေးလိမ်းခံနေတာကို ကျန်တဲ့ရဲဘော်တွေက ဝိုင်းပြုစုပေးနေကြတာ ဖြစ်ပါတယ်။ သူတို့တွေက ဆေးလိမ်းခံနေတဲ့ ရဲဘော်အတွက် လိုအပ်တာတွေလုပ်ပေးရင်းနဲ့ ဘေးကနေ စနောက်ကျီစယ်နေကြတာလည်း ဖြစ်ပါတယ် ။ အခက်အခဲတွေကြားမှာ အတူရှင်သန်ရင်း ပျော်ပျော်နေနေကြတဲ့ ရဲဘော်တွေရဲ့ဗီဒီယိုလေးက ပြည်သူတွေကိုပါ ပီတိတွေကူးစက်စေခဲ့တာ ဖြစ်ပါတယ် ။ အချင်းချင်း စနောက်နေကြတဲ့ ပြည်သူ့ရဲဘော်တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-YGN Special Team's FB Page

Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Photo Credit-YGN Special Team's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T