ထန်တလန်တိုက်ပွဲကြောင့် ဒေသခံပြည်သူများ တစ်ယောက်မကျန်မြို့ကိုစွန့်ခွာ

//s9.kh1.co/62/6288ed79ab256d13a2a66f8774ce7275ad3385f7.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

ထန်တလန်မြို့ခံပြည်သူ ၁၀၀၀၀ ကျော်က မြို့မှစွန့်ခွာပြီ းအိန္ဒိယနယ်စပ်ဘက်ကို တိမ်းရှောင်ကြတာ

ချင်းပြည်နယ်၊ ထန်တလန်မြို့လယ်ခေါင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ချင်းအမျိုးသားတပ်ဦး CNF နဲ့ ချင်းဒေသပြည်သူ့ကာကွယ်ရေးတပ် CDF (ထန်တလန်) တို့ပေါင်းပြီး စက်တင်ဘာလ ၁၈ ရက်နေ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲမှာ လက်နက်မမျှဘဲ စစ်ကောင်စီဘက်က လက်နက်ကြီးတွေပါသုံးပြီး ပြန်လည်ပစ်ခတ်ခဲ့တာကြောင့် ထန်တလန်မြို့ပေါ်က နေအိမ် ၁၈ လုံးနဲ့ သုံးထပ်တိုက် ဟိုတယ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

ထန်တလန်မြို့က ချင်းပြည်နယ်မြို့တော် ဟားခါး၏ အနောက်မြောက်ဖက် ၂၃ မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ စစ်ကောင်စီတပ်မှ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်မှုတွေကြောင့် ယနေ့ စက်တင်ဘာလ ၂၀ မှာ ထန်တလန်မြို့ခံပြည်သူ ၁၀၀၀၀ ကျော်က မြို့မှစွန့်ခွာပြီး အိန္ဒိယနယ်စပ်သို့ ထွက်ပြေး တိမ်းရှောင်နေကြ ရပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader
Photo Credit: Original Uploader

"ဒီနေ့က နောက်ဆုံးအသုတ် ထန်တလန်မြို့ကို စွန့်ခွာသွားပြီး နယ်စပ်ဘက်ကို တိမ်းရှောင်ကြတာပါ။ ထန်တလန်မြို့မှာက လူဦးရေ တစ်သောင်းကျော်ရှိတာပါ၊ တစ်မြို့လုံးနီးပါး ပြေးတာဆိုတော့ မြို့ပေါ် လူမကျန်တော့သလောက် ဖြစ်သွားပြီ။ စစ်ကောင်စီက မြို့ပေါ်က အိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်နေတာကြောင့် မြို့ပေါ်မှာ ဘယ်သူမှမနေရဲတော့ပဲ နယ်စပ်ကို ထွက်ပြေးတိမ်းရှောင်နေတာ" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Photo Credit: Original Uploader
Photo Credit: Original Uploader

Source : Original Uploader

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T