မီးပွိုင့်မှာပန်းရောင်းရင်း မိသားစုကိုခက်ခက်ခဲခဲရုန်းကန်ထောက်ပံ့ပေးနေရှာတဲ့ လူငယ်လေးအတွက် ခြေတုနဲ့အလှူငွေ‌လှူဒါန်းခဲ့တဲ့ နေဒွေး

//s9.kh1.co/30/302a3e3ce2783d19ee1859031d02d71fe5ea1fd4.jpg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

သရုပ်ဆောင်တစ်ယောက်အဖြစ် အနုပညာလောကမှာ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်အခိုင်အမာနဲ့ အောင်မြင်စွာ ရပ်တည်နေသူကတော့ မင်းသားချောနေဒွေးပဲ ဖြစ်ပါတယ်။ နေဒွေးကတော့ လက်ရှိအခြေအနေတွေမှာလည်း အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် လှူဒါန်းမှုတွေပြုလုပ်ကာ ဖေးမကူညီနေသူလည်း ဖြစ်ပါတယ်....။

Photo credit-Nay Dway's Facebook acc
Photo credit-Nay Dway's Facebook acc

အခုလိုမတည်ငြိမ်တဲ့နိုင်ငံရေးအခြေအနေတွေနဲ့ စီးပွားရေးကြပ်တည်းမှုတွေကြောင့် ပြည်သူတွေခမျာမှာလည်း အလုပ်အကိုင်တွေရှားပါးနေကာ ‌၀မ်းရေးအတွက် ခက်ခက်ခဲခဲဖြေရှင်းနေကြရတာဖြစ်ပါတယ် ။ နေဒွေးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မီးပွိုင့်မှာပန်းရောင်းရတဲ့လူငယ်တစ်ဦးရဲ့အဖြစ်ကို အင်တာဗျူးတစ်ခုကနေသိပြီး ဂရုဏာသက်ကာ ကိုယ်တိုင်ကိုယ်ကျသွားရောက်လှူဒါန်းခဲ့တာဖြစ်ပါတယ်။

Photo credit-Nay Dway's Facebook acc
Photo credit-Nay Dway's Facebook acc
Photo credit-Nay Dway's Facebook acc
Photo credit-Nay Dway's Facebook acc

ဒီလူငယ်လေးဟာ လှိုင်သာယာမှာနေထိုင်တာဖြစ်ပြီး မွေးရာပါခြေထောက်နဲ့လက်မသန်စွမ်းတာကြောင့် ဂျိုင်းထောက်ကိုအားပြုကာ ပန်းရောင်းရင်းရုန်းကန်နေရတာဖြစ်ပါတယ် ။ ဒါကြောင့်နေဒွေးဟာ ခြေတုနဲ့ ငွေကြေးအချို့သွားရောက်လှူဒါန်းခဲ့ပြီး အားပေးစကားပြောခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Nay Dway's Facebook acc
Photo credit-Nay Dway's Facebook acc

သတင်း အရင်းအမြစ်Nay Dway's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T