သစ်ပင်တစ်ပင်အား ဝင်တိုက်မိပြီး လေပေါ်ခေါင်းထောင်သွားတဲ့ ကုန်တင်ကားတစ်စီးကို ခက်ခက်ခဲခဲကူညီပေးခဲ့ရတဲ့ ကယ်ဆယ်ရေးသမားများ

//s9.kh1.co/dc/dc20869a5ec4b56a1d5976b6ebdd937c17427d9a.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

သစ်ပင်တစ်ပင်အား ဝင်တိုက်မိပြီး လေပေါ်ခေါင်းထောင်သွားတဲ့ ကုန်တင်ကားတစ်စီးကို ခက်ခက်ခဲခဲကူညီပေးခဲ့ရတဲ့ ကယ်ဆယ်ရေးသမားများ

ယခုရက်ပိုင်းအတွင်း ယာဥ်တိုက်မှု သတင်းတွေကို မကြာခဏကြားနေရပြီး ပြည်သူတွေအနေနဲ့ အသွားအလာ သတိထားကြဖို့ အချင်းချင်း တိုက်တွန်းနေကြပါတယ်။ ယာဥ်မတော်တဆဖြစ်ပွားမှုကြောင့် အသက်သေဆုံးတဲ့ ပြည်သူတွေလည်းရှိနေကြသလို ထိခိုက်ဒဏ်ရာရရှိတဲ့ ပြည်သူတွေလည်း ရှိနေကြပါတယ်။ စက်တင်ဘာလ (၁၉)ရက်နေ့ မနေ့ညကတော့ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့ရှိ အမှတ်(၂)ရပ်ကွက်၊ ကိုးသုံးလုံးစိုက်ပျိုးရေးသုံးပစ္စည်းရောင်းဝယ်ရေးဆိုင်အနီးတွင် ယာဥ်မတော်တဆမှု တစ်ခုဖြစ်ပွားသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဗူးခွံ၊ပုလင်းခွံများတင်ဆောင်လာတဲ့ ကားတစ်စီးက မြင်းခြံဘက်ကနေ မန္တလေးဘက်သို့သွားရင်း သစ်ပင်တစ်ပင်ကို ဝင်တိုက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပစ္စည်းတွေ အများအပြားတင်လာတဲ့ အဆိုပါကုန်တင်ကားဟာ သစ်ပင်တစ်ပင်အား ဝင်တိုက်ခဲ့တာကြောင့် အမြင့်(၃၀)ပေမှာရှိတဲ့ သစ်ကိုင်းဟာ ကုန်တင်ကားပေါ် ကျိုးကျခဲ့တာပဲ ဖြစ်ပါတယ်။ ကျိုးကျခဲ့တဲ့ သစ်ကိုင်းနဲ့ ပိနေတာကြောင့် အဆိုပါကုန်တင်ကားဟာ လေပေါ်ကို ခေါင်းထောင်သွားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ကယ်ဆယ်ရေးသမားတွေကတော့ အဆိုပါသစ်ကိုင်းကို ကရိန်းနဲ့မပြီး ခက်ခက်ခဲခဲ ကူညီကယ်ဆယ်ပေးခဲ့ရပါတယ်။ အဆိုပါကုန်တင်ကားပေါ် ပါလာတဲ့ အမျိုးသားနှစ်ယောက်စလုံး ထိခိုက်ဒဏ်ရာမရရှိခဲ့ကြောင်း ကယ်ဆယ်ရေးသမားတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။ အမြင့်(၃၀)ပေမှာ ရှိတဲ့ သစ်ကိုင်းကျိုးကျပြီး လေပေါ်ခေါင်းထောင်နေတဲ့ ကားတစ်စီးကို ခက်ခက်ခဲခဲကူညီပေးနေကြတဲ့ ကယ်ဆယ်ရေးသမားတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source : Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T