ကိုဗစ်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေးတွေဟာ မတည်မငြိမ်ဖြစ်လာကြပါတယ်။ဒါကြောင့်မို့ ပြည်သူတွေရဲ့ ဘဝတွေဟာလည်း ပိုမိုဆိုးရွားလာကြပါတယ်။လုပ်ငန်းလည်ပတ်မှုတွေရပ်တန့်ထားရတဲ့အတွက် စီးပွားတွေဟာလည်းပိုလို့အဆင်မပြေဖြစ်လာကြပါတယ်။
ဒါ့အပြင် အခုလို တိုင်းရေးပြည်ရေးမငြိမ်မသက်ဖြစ်လာတဲ့အခါ ကုန်စျေးနှုန်းတွေ အရင်ထက်အဆမတန်တက်လာပါတယ်။လုပ်ငန်းလည်ပတ်ခြင်းရပ်တန့်မှုတွေ ဟာ အရင်ကထက် ပိုမိုများပြားလာတဲ့အတွက် အလုပ်လက်မဲ့ပြည်သူတွေပိုမိုများပြားလာပါတယ်။တချို့မိသားစုတွေမှာဆို အလုပ်လက်မဲ့အပြင် သက်ကြီးရွယ်အိုတွေပါရှိတဲ့အတွက် အရမ်း ဒုက္ခရောက်နေကြရတာမျိုးတွေရှိပါတယ်။
အခက်အခဲများစွာကြုံတွေ့နေကြရတဲ့ ပြည်သူတွေအတွက် အလှူရှင်များကလည်းတတ်နိုင်သလောက် ကူနိုင်သလောက် ဝိုင်းဝန်းကူညီနေကြပါတယ်။ယခုအခါမှာ မန္တလေးမှ Steven Zaw Gyi (ခေါ်) ဦးဇော် က Calsome ကွေကာနဲ့ပူးပေါင်းကာ နွမ်းပါးချိုတဲ့ တဲ့ပြည်သူအချို့အတွက် အလှူတွေပြုလုပ်ခဲ့ပါတယ်။ဆန်၊ဆီ၊ဆေး နဲ့ Calsome ကွေကာများကို အိမ်ထောင်စု ၂၇၀ အတွက် လှူဒါန်းခဲ့ကြောင်းကိုလည်း သူ့ရဲ့ Facebook စာမျက်နှာပေါ်မှာတင်ထားခဲ့ပါတယ်။သူ့ရဲ့အလှူအတွက် သာဓုခေါ်ရင်းကုသိုလ်ယူနိုင်အောင် ဖော်ပြပေးလိုက်ရပါတယ်။