မန္တလေး စုပေါင်းသပိတ်စစ်ကြောင်း ဖြိုခွင်းခံရပြီး ဖမ်းဆီးခံခဲ့ရသူများလည်းရှိ

//s9.kh1.co/d8/d8b7d87c419ed8a19f24474a24b69e99a5cdd129.jpg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

စစ်ကြောင်းကို စစ်ကောင်စီက အိမ်စီးကားနဲ့ ဝင်လာပြီး ပစ်ခတ်တာဖြစ်တယ်လို့

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ် ၆၉ လမ်း၊ ၁၀၇ လမ်းနှင့် ၁၀၈ လမ်းကြားတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြနေတဲ့ မန္တလေး စုပေါင်းသပိတ်စစ်ကြောင်းကို စက်တင်ဘာလ ၁၉ ရက် ညနေ ၄နာရီခွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။ သပိတ်မှာ ပါဝင်သူအချို့ ဒဏ်ရာရပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary

ဖြိုခွင်းခံလိုက်ရတဲ့ လူအင်အားတစ်ရာကျော် စုပေါင်းသပိတ်စစ်ကြောင်းမှာ စက်မှုသပိတ်စစ်ကြောင်း၊ မန္တလာတက္ကသိုလ်ကျောင်းသားကျောင်းသူများသပိတ် စစ်ကြောင်း၊ ဘုရားကြီးသပိတ်စစ်ကြောင်း တို့ပါဝင်တဲ့ အဆိုပါ စစ်ကြောင်းကို စစ်ကောင်စီက အိမ်စီးကားနဲ့ ဝင်လာပြီး ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary

 “ဆန္ဒပြစစ်ကြောင်းထွက်ပြီးမကြာခင်မှာ အိမ်စီးကားနဲ့ ဝင်လာပြီး ပစ်ခတ်ဖြိုခွင်းခဲ့တာပါ။ လိုက်ထရပ်ကား တွေနဲ့လိုက်ပါတယ်။ အဖမ်းခံရတဲ့သူလဲရှိသလို တစ်ယောက်ထိသွားတာမြင်လိုက်တယ်၊ သေမသေတော့ မသိသေးပါဘူး၊ သပိတ်စစ်ကြောင်းမှာ ပါဝင်တဲ့သူတွေရဲ့ မော်တော်ဆိုင်ကယ် (၅) စီးလောက်ကိုလည်း စစ်ကောင်စီအဖွဲ့များက သိမ်းယူသွားတယ်လို့" စစ်ကြောင်းထဲ လိုက်ပါခဲ့သူတစ်ဦးကပြောပါတယ်။

Photo Credit : Spring Diary
Photo Credit : Spring Diary

စစ်တပ်က အာဏာသိမ်းပြီး ရှစ်လကျော်နီးပါးရှိလာချိန်အထိ မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြစစ်ကြောင်း ထွက်ပေါ်နေဆဲဖြစ်ပြီး စစ်ကောင်စီက ပစ်ခတ်ဖြိုခွင်းခြင်း အပါအဝင် အိမ်စီးကား၊ ဆိုင်ကယ်များနဲ့ဖမ်းဆီးခြင်း၊ အရပ်ဝတ်များနဲ့ အယောင်ဆောင်ဖမ်းဆီးခြင်းများလည်း ပြုလုပ်လေ့ရှိပါတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T