မတရားဖမ်းဆီးခံရလို့ ထိုင်းထောင်ထဲမှာ တစ်နှစ်နီးပါးလောက်နေထိုင်ရပြီး ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ရင်ဖွင့်ရေးသားလာခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/54/54c5c2367c4522cb70eb4d57232d4ab28dde75d5.jpeg
နေ့စဉ်သတင်းများ

 ၂၀-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

မတရားဖမ်းဆီးခံရလို့ ထိုင်းထောင်ထဲမှာ တစ်နှစ်နီးပါးလောက်နေထိုင်ရပြီး ကြုံတွေ့ခဲ့ရတဲ့ ကိုယ်တွေ့ဖြစ်ရပ်တွေကို ရင်ဖွင့်ရေးသားလာခဲ့တဲ့ ပြည်သူတစ်ဦး

မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံထဲမှာ မြန်မာပြည်သူတွေက မိမိတို့စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေရတာဖြစ်ပါတယ်။တချို့မြန်မာလုပ်သားတွေဆိုရင် မတရားဖမ်းခံရတာတွေ ဖိနှိပ်ခံရတာတွေနဲ့လည်း ကြုံခဲ့ရတယ်လို့သိရပါတယ်။အခုဆိုရင်လည်း ထိုင်းနိုင်ငံရဲ့ အကျဉ်းထောင်ထဲမှာ တစ်နှစ်နီးပါးလောက်နေထိုင်ခဲ့ရပြီး ရင်ဆိုင်ခဲ့ရတဲ့ကိုယ်တွေ့ဖြစ်ရပ်တွေကို ပြည်သူတစ်ဦးက ရေးသားလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သူ့ကိုလည်း ထောင်ထဲမှာ တစ်သက်လုံးထည့်ထားဖို့အတွက် အမှုတွေကိုဆင်ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။အဲ့ဒီမြန်မာပြည်သူရဲ့ ကံတရားလေးကောင်းမွန်တာကြောင့် အမေစု ထိုင်းနိုင်ငံကို တတိယအကြိမ် အလည်အပတ်လာရောက်ပြီး (၂)ရက်အကြာမှာ ထိုင်းတာဝန်ရှိသူတွေက ပြန်လွှတ်ပေးခဲ့တယ်လို့သိရပါတယ်။ဘန်ကောက်ကနေ မဲဆောက်အထိ ထိုင်းလဝကအချုပ်ကားပေါ်မှာ လက်ထိပ်နောက်ပြန်ခတ်ခံရပြီး မြန်မာပြည်တွင်းသို့ ပြန်ပို့ခံခဲ့ရတာဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

ထောင်ထဲမှာနေရစဉ်ကလည်း ထောင်ဝါဒါတွေက တရားရုံးထုတ်ပြီးပြန်လာတိုင်း ခေါင်းကိုစစ်ဖိနပ်နဲ့အကြိမ်ကြိမ်ကန်ခံခဲ့ရတာကြောင့် အခုဆို သူ့ရဲ့မှတ်ဉာဏ်တွေ ခဏခဏမေ့တတ်နေတာဖြစ်ပါတယ်။အခုချိန်ထိ သူကတော့လိုအပ်တဲ့နေရာတွေ၊အကူအညီလိုအပ်သူတွေကို တတ်နိုင်သလောက်ကူညီပေးနေဆဲဖြစ်ပါတယ်။ဒုက္ခတွေမျိုးစုံကိုကြံ့ကြံ့ခံရင်ဆိုင်ပြီး ပြည်ပရောက်အလုပ်သမားအရေးပဲ နောက်လည်းဆက်လုပ်သွားမယ့် ပြည်သူတစ်ဦးရဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T