ဒီနေ့မနက်ပိုင်းမှာပဲ ချစ်ဇနီးလေးက သမီးဦးရတနာလေးကို မွေးဖွားနိုင်ခဲ့တာကြောင့် ဖခင်နေရာကိုရောက်ရှိသွားပြီး အရမ်းပျော်ရွှင်နေတဲ့ နက္ခတ်

//s9.kh1.co/7a/7a756b6b1a79df91e33545e5bb1a6ea816a2fb75.jpeg
အနုပညာရှင်များ

 ၂၀-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဒီနေ့မနက်ပိုင်းမှာပဲ ချစ်ဇနီးလေးက သမီးဦးရတနာလေးကို မွေးဖွားနိုင်ခဲ့တာကြောင့် ဖခင်နေရာကိုရောက်ရှိသွားပြီး အရမ်းပျော်ရွှင်နေတဲ့ နက္ခတ်

MRTV 4 မှ ထုတ်လွှင့်တဲ့ ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ရင်း ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကို ရရှိလာတဲ့ သရုပ်ဆောင်နက္ခတ်ကတော့ အခုချိန်မှာ ချစ်ရသူနဲ့အတူ ဘဝတစ်ခုကိုတည်ဆောက်ခဲ့တာဖြစ်ပါတယ်။နက္ခတ်ကလည်း သူ့ရဲ့ဇနီးသည်ကို အရမ်းချစ်ပြီး ကြင်နာယုယပေးတတ်တဲ့ ယောက်ျားကောင်းတစ်ယောက်ဖြစ်ပါတယ်။နက္ခတ်တို့ဇနီးမောင်နှံက အေးအတူပူအမျှနဲ့ ဘဝခရီးလမ်းကိုလျှောက်လှမ်းနေရင်း မိသားစုဝင်တစ်ဦးထပ်တိုးလာခဲ့ပြီဖြစ်ပါတယ်။

Photo Credit:Nat Khat’s Facebook Acc 
Photo Credit:Nat Khat’s Facebook Acc 
Photo Credit:Nat Khat’s Facebook Acc 
Photo Credit:Nat Khat’s Facebook Acc 

နက္ခတ်ရဲ့ ချစ်ဇနီးလေးက ဒီနေ့မနက်မှာပဲ သမီးဦးရတနာလေးကို မွေးဖွားနိုင်ခဲ့တာဖြစ်ပါတယ်။သူတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ ဘဝထဲကို သမီးချောချောလေးက ဝင်ရောက်လာခဲ့ပြီဖြစ်လို့ နက္ခတ်လည်း ဖခင်နေရာကိုရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ပရိသတ်တွေနဲ့ ရင်းနှီးခင်မင်ရတဲ့မိတ်ဆွေတချို့ကလည်း နက္ခတ်အတွက် ဂုဏ်ယူနေကြပြီးကလေးလေးကို အဖေတူသမီးလေးလို့ မှတ်ချက်ပေးနေကြတာဖြစ်ပါတယ်။နက္ခတ်ကလည်း ဇနီးသည်ကို ကိုယ်ဝန်စဆောင်ချိန်ကတည်းက မွေးဖွားတဲ့အထိ အနားကနေ အစစအရာရာဂရုစိုက်ပေးခဲ့တာဖြစ်ပါတယ်။

Photo Credit:Golden Eye Photography 
Photo Credit:Golden Eye Photography 
Photo Credit:Golden Eye Photography 
Photo Credit:Golden Eye Photography 

နက္ခတ်ကတော့ သမီးချောချောလေးကို အရမ်းချစ်နေပြီး လက်ပေါ်ကမချနိုင်လောက်အောင် ပွေ့ချီထားတာဖြစ်ပါတယ်။မင်းသားချော နက္ခတ်ရဲ့ သမီးဦးလေးကတော့ မွေးစကတည်းက လူချစ်လူခင်ပေါများတဲ့ကလေးလေးပဲဖြစ်ပါတယ်။နက္ခတ်တို့ဇနီးမောင်နှံရဲ့ ဘဝထဲကို ကျန်းကျန်းမာမာ၊လှလှပပလေးနဲ့ဝင်ရောက်လာခဲ့တဲ့ ချစ်စရာကလေးငယ်လေးရဲ့ ပုံရိပ်ကို ပရိသတ်တွေလည်းတွေ့မြင်ပြီး ပိုချစ်ရ​အောင်လို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Nat Khat’s Facebook Acc 
Photo Credit:Nat Khat’s Facebook Acc 
Photo Credit:Nat Khat’s Facebook Acc 
Photo Credit:Nat Khat’s Facebook Acc 

Source&Photo Credit:Nat Khat’s Facebook Acc 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T