အသက် ၄ နှစ်သာရှိနေသေးပေမယ့်လည်း အဘိုးအိုတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ Bayezid Hossain

//s9.kh1.co/e9/e92aa28b854cdafd52b4fde450136a4537a06470.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

Bayezid Hossain ဆိုတဲ့ကလေးရဲ့ ခန္ဓာကိုယ်သေးသေးလေးမှာ အဘိုးကြီးရဲ့ခန္ဓာကိုယ်က ဆွဲကပ်နေပါတယ်။ ဒီကလေးလေးဟာ အမှန်တကယ်တော့ အသက်၄ နှစ်ပဲရှိပါသေးတယ်။ ဒါပေ့မယ့် ပါးရေတွေတွန့်နေပြီး အရေပြားတွေတွဲကြနေတဲ့ သူ့ရဲ့ ရုပ်ရည်ကတော့ သူဟာ ကလေး မဟုတ်ဘူးလို့ပြောနေသလိုလိုဖြစ်နေပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/c3/c357c92c5cbac67ffe7aa65ee282676c7b1b5bfa.jpg
https://s9.kh1.co/__image/w=400,h=600,q=100/e6/e60a15068656fd88b918afdeb21f59ba4b7e8e7f.jpg

ဒီလိုဖြစ်ရတဲ့ အကြောင်းရင်းကတော့ Bayezid ဟာဆိုရင်အလွန်ကိုမှ ဖြစ်နိုင်ချေနည်းပါးတဲ့ ရှားပါးရောဂါတစ်ခုကိုခံစားနေရတဲ့ အတွက် သာမန် ကလေးတစ်ယောက်ပိုင်ဆိုင်တဲ့ ဘဝကိုပိုင်ဆိုင်ခွင့်မရခဲ့ပါဘူး။ သူ့ရဲ့ ရုပ်ရည်ကြောင့်လည်း ရွယ်တူကလေးတွေက သူ့ကို ကြောက်ရွံ့ပြီး အခေါ်အပြောမလုပ်ကြပါဘူး။ အဲ့ဒီရောဂါကို Progeria လို့ခေါ်ပြီး မျိုးရိုးဗီဇ နဲ့သက်ဆိုင်ပြီး အရွယ်နှင့်မလိုက်အောင် အသက်ကြီးစေတဲ့ ရောဂါ Cutis Laxa လို့လည်း ခေါ်လို့ရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/ad/ad818886e13de7567672eaba93d3ac8641b40296.jpg
https://s9.kh1.co/__image/w=600,h=400,q=100/18/1806a4833545f759e3970735a8e6c9b4c49273a4.jpg

ကလေးဟာ နေစဉ်နေ့တိုင်း အပေါ့သွာခြင်း၊ အရိုးအဆစ်များ မကောင်းခြင်း၊ သွားများကျိုးခြင်း၊ သွားမကောင်းခြင်း စတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး အခက်အခဲများစွာနဲ့ နေထိုင်နေရပါတယ်။ " ကျွန်မသူ့ကို မွေးပြီး စစခြင်းတွေ့တုန်းကဆို အရမ်းကိုလန့်သွားခဲ့ပါတယ်။ ကလေးလေးဟာ အရိုးပဲရှိပြီး ဂြိုလ်သားနဲ့တူတဲ့အတွက်ကြောင့် ကျွန်မအရမ်းကို ခံစားခဲ့ရပြီး အသည်းကွဲခဲ့ရပါတယ် " လို့ အသက် ၁၄ နှစ်မှာသူ့ကိုမွေးခဲ့တဲ့ အမေကပြောပါတယ်။

https://s9.kh1.co/__image/w=400,h=600,q=100/45/458bde909db6473223d373e07f6d40b587ccc30e.jpg
https://s9.kh1.co/__image/w=480,h=320,q=100/96/9630883cb7a634b7211f763911e88fb934756da9.jpg

" မွေးမွေးခြင်းကဆိုရင် ဆရာဝန်တွေကလဲ ဒီလိုမျိုး ကလေးကို အခုမှတွေဘူးတာကြောင့် ဘာကိုလုပ်လို့ လုပ်ရမှန်းမသိခဲ့ပါဘူး။ သူတို့လုပ်နိုင်တာဘာမှမရှိပါဘူး " လို့လည်းပြောခဲ့ပါတယ်။ ကလေးရဲ့ ရုပ်ရည်အပြင်ပန်းက အလွန်ရင့်ရော်နေပေမယ့်လည်း ကလေးလေးဟာ ဉာဏ်ရည်အလွန်ကောင်းတဲ့သူပါလို့လည်း သူ့အမေက ပြောခဲ့ပါသေးတယ်။ ဒီရောဂါကိုကုသရင် ဒေါ်လာ ၅,၂၀၀ ကျော်လောက် ကုန်ကျမှာဖြစ်ပြီး မိဘတွေကလည်း ခွဲစိတ်ခကို မတတ်နိုင်ကြပါဘူး။ ဒါ့ကြောင့်လည်း ကလေးရဲ့ အခြေအနေဟာ တစ်နေ့၊ တစ်နေ့ပိုပြီးဆိုးရွားလာပါတယ်။ ဆရာဝန်တွေကလည်း ကလေးလေးဟာ အသက် ၁၅ နှစ်ထက်ပိုပြီး မနေနိုင်လောက်ပါဘူးလို့လည်း စိတ်မကောင်းစွာဖြင့်ပြောကြားခဲ့ပါတယ်။

https://s9.kh1.co/__image/w=400,h=600,q=100/05/05a22b72828ed71810cc5ebf3818a052d590829d.jpg
https://s9.kh1.co/__image/w=600,h=400,q=100/24/2444281b5eeb6a513267848e37d5b72ef2633296.jpg
https://s9.kh1.co/__image/w=600,h=400,q=100/b8/b87664d0b55dc75df425b77efb070301297422e3.jpg

သတင်း အရင်းအမြစ်Daily Mail

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T