မိုးကြိုးပစ်ခံရတယ်ဆိုတာဟာ မြန်မာနိုင်ငံမှာတော့ အယူအဆတွေအမျိုးမျိုးရှိကြပေမယ့် အနောက်နိုင်ငံတွေမှာတော့ ဒါဟာသဘာဝဘေးအန္တရာယ်တစ်ခုလို့သာ ယူဆကြပါတယ်။
မိုးကြိုးပစ်ပြီဆိုရင် သူ့ရဲ့စက်ကွင်းထဲမှာရှိတဲ့ လူတွေ အရာဝတ္ထုတွေအကုန်လုံးကို ပြင်းထန်တဲ့လျှပ်စစ်ဓာတ်အားသက်ရောက်စေတာကြောင့် အထပ်အမြင့်အဆောက်အဦးတွေမှာဆိုရင် မိုးကြိုးလွှဲတွေ တပ်ဆင်ထားတတ်ကြပါတယ်။
မိုးကြိုးပစ်ခံရသူတွေဟာဆိုရင်လည်း ခန္ဓာကိုယ်အတွင်းကို အလွန်းပြင်းထန်တဲ့ လျှပ်စစ်ဓာတ်အား စီးဝင်သွားတာမို့ အသားအရေ မီးလောင်ပျက်စီးခြင်းကို ခံရပြီး၊ စက်ကွင်းမိသူတွေမှာတောင် သေဆုံးနိုင်ချေရှိသည်အထိ လျှပ်စီးအားက ပြင်းထန်လွန်းပါတယ်။
ဒါပေမယ့်လည်း ကံအရမ်းကောင်းပြီး အသက်မသေဆုံးသူတွေလည်း ရှိကြပါတယ်။
အသက်မသေဆုံးပေမယ့်လည်း မိုးကြိုးထိမှန်ခံထားရတဲ့ သူတို့ရဲ့အရေပြားနဲ့ အသားအရေဟာ ပုံမှန်တော့မဟုတ်တော့ပါဘူး။
ယခုမြင်တွေ့နေရတဲ့ပုံတွေထဲကအတိုင်းပဲ သူတို့ရဲ့အရေပြားဟာ လျှပ်စစ်ဓာတ်အားပြင်းထန်ရင် ပြင်းထန်သလောက်ပျက်စီးသွားကြပါတယ်။
သို့ပေမယ့်လည်း အသက်သေဆုံးနိုင်လောက်တဲ့ထိ မပြင်းထန်ခဲ့တာကတော့ ကံကောင်းမှုတစ်ခုပါပဲ။
သတင်း အရင်းအမြစ်៖ brightside