အနုပညာလောကမှာ နာမည်တစ်လုံးရရှိတဲ့အထိ အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ဝေဠုကျော်ကတော့ ပရဟိတအလုပ်တွေကို လုပ်ကိုင်နေသူဖြစ်ပါတယ်။ ယခုမှာတော့ ပရဟိတအလုပ်တွေကို စွမ်းစွမ်းတမံလုပ်ဆောင်နေတဲ့ ဝေဠုကျော်တစ်ယောက် ပြည်သူတွေကို အစွမ်းကုန်ကူညီပေးရင်း လက်ထိခိုက်မိပြီး ဘယ်ဘက်လက်မြှောက်မရဖြစ်နေခဲ့ပါတယ်။ အောက်ဆီဂျင်အိုးတွေကို သယ်ရာကနေ ယခုလိုလက်ထိခိုက်မိပြီး လက်မြှောက်မရဖြစ်နေတဲ့ ဝေဠုကျော်ကို ထူးခန့်ကျော်တစ်ယောက် ကိုယ်တိုင်ဆေးကုပေးနေခဲ့ပါတယ်။
ထူးခန့်ကျော်ရဲ့ ဆေးကုသပေးမှုကြောင့် ဝေဠုကျော်တစ်ယောက် လက်မြှောက်မရတဲ့ ဝေဒနာကနေ သက်သာလာပြီဖြစ်ကြောင်း သိရပါတယ်။ ထူးခန့်ကျော်ကတော့ ယခုလိုဝေဠုကျော်ကို ဆေးကုသပေးခွင့်ရတဲ့အတွက် ဝမ်းသာဂုဏ်ယူမိတဲ့အကြောင်း ပြောပြလာခဲ့ပါတယ်။ ဝေဠုကျော်တစ်ယောက် မိမိရဲ့အသက်ကိုပဓာနမထားပဲ ရေဘေး၊မီးဘေး၊ လေဘေးနှင့်ဘေးဒုက္ခအမျိုးမျိုးတို့ကြောင့် ဒုက္ခရောက်နေတဲ့လူတွေကို ကူညီပေးနေကြောင်း၊ အစွမ်းကုန်ကူညီရင်း ယခုမှာတော့ အောက်ဆီဂျင်အိုးတွေကို မရာကနေ လက်ထိခိုက်မိပြီး ဘယ်ဘက်လက် မြှောက်မရဖြစ်နေခဲ့ကြောင်း ထူးခန့်ကျော်က ဖွင့်ဟလာခဲ့တာပဲ ဖြစ်ပါတယ်။
ထူးခန့်ကျော်ကတော့ ယခုလိုတစ်ဒေါင့်တစ်နေရာကနေ ပါရမီဖြည့်ခွင့်ရပြီး ဝေဠုကျော်တစ်ယောက် သက်သာလာအောင် ပါရမီဖြည့် ကုသခဲ့ရတဲ့အတွက် အထူးပင်ကျေးဇူးတင်ရှိကြောင်း၊ ယုံကြည်စွာဖြင့် သူ့ထံလာရောက်ပြီး ဆေးကုသခဲ့တဲ့ ဝေဠုကျော်တစ်ယောက် ခံစားနေရသောဝေဒနာများ အမြန်မကြာသက်သာပျောက်ကင်းပါစေကြောင်း လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။ ထူးခန့်ကျော်ဆီ လာရောက်ပြီး ဆေးကုသနေခဲ့တဲ့ ဝေဠုကျော်ရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source -Htoo Khant Kyaw's FB Acc