သေဆုံးခါနီးခွေးလေးရဲ့ လိုအင်ဆန္ဒကို ဖြည့်ဆည်းပေးရင်း အသက်ဆက်ရှင်ခဲ့တဲ့ ခွေးလေး

//s9.kh1.co/b3/b3f4903e8a77e5775868ae027d4d940aea9e6b4d.jpg
ဗဟုသုတအဖြာဖြာ

 ၁၉-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

Niels ဟာသူ့ခွေးလေးကို ခွေးပေါက်ကလေးဘဝကတည်းက စောင့်ရှောက်ရေး ဂေဟာကနေ မွေးစားထားတာဖြစ်ပါတယ်။ ခွေးလေးက နှင်းထဲမှာဆော့ရတာကို ငယ်ငယ်လေးကတည်းက အရမ်းသဘောကျခဲ့ပါတယ်။ ဒါပင်မဲ့လည်း သူတို့နေတဲ့နေရာမှာ နှင်းအဲ့လောက်မကျပါဘူး။ တစ်ရက် ဆရာဝန်ကခွေးလေးမှာ ကင်ဆာရောဂါရှိတာကြောင့် မခံစားရအောင် အဆုံးသတ်ပေးရင် ပိုကောင်းမယ်လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=357,q=100/69/69a81471f6305d20a04104cd3f13312e9aac7c1a.jpg
https://s9.kh1.co/__image/w=634,h=423,q=100/e2/e2d1a9e22a258ec4c33a1f1513ce680bdafc117d.jpg

ဆရာဝန်နဲ့ သက်သက်သာသာ အဆုံးသတ်ပေးဖို့ ရက်ချိန်းယူလိုက်ပြီး အဲ့မတိုင်ခင်တစ်ရက်မှာ နှင်းအတုတွေ မှုတ်ထုတ်ပေးတဲ့ စက်ကို မိတ်ဆွေတွေ အကူအညီနဲ့ ဌားခဲ့ပြီး ခွေးလေးရဲ့ အကြိုက်ဆုံးအရာကို လုပ်ပေးခဲ့ပါတယ်။ သခင်ဖြစ်သူကလည်း နှင်းတွေရဲ့ကြားထဲမှာ ခွေးလေးကိုအဖော်ပြုပြီး နေပေးခဲ့ပါတယ်။ တကယ့်နှင်းအစစ်တွေလိုတော့ မအေးပင်မဲ့ ခွေးလေးကပျော်နေပုံရတယ်လို့ ပြောပါတယ်။

https://s9.kh1.co/__image/w=634,h=385,q=100/41/414763735cb0a194aee3a4d76b3d785ab67986b3.jpg
https://s9.kh1.co/__image/w=634,h=422,q=100/e0/e04430b2cede8903fb0e6c96967ff228c55752a7.jpg

ဆရာဝန်နဲ့ ချိန်းထားတဲ့ရက်မှာဘဲ မိသားစုအရေးပေါ်ကိစ္စနဲ့ ဆရာဝန် ခရီးထွက်သွားတာကြောင့် ရက်ချိန်းကိုရွှေ့လိုက်ရတဲ့အတွက် ခွေးလေးက မသေဘဲရှိနေသေးပါတယ်။ ခုအချိန်မှာတော့ သူကနေကောင်းသွားပုံပေါ်ပြီး သက်သာလာပါတယ်။ ဒါပင်မဲ့လည်း ခွေးလေးအတွက် နောက်ဆုံးနေ့ရက်တွေ နီးကပ်နေတာကိုတော့ သူ့သခင်ကသိပြီး သူနဲ့ရှိတဲ့ အချိန်မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ တူတူရှိဖို့ဘဲ ကြိုးစားနေတယ်လို့ ပြောခဲ့ပါတယ်။

https://s9.kh1.co/__image/w=634,h=636,q=100/dd/ddb281730dde7e3e6d0254d8dddb3bbe396e2bf8.jpg
https://s9.kh1.co/__image/w=634,h=357,q=100/50/5063e52a81a38cb8f74a7715d17eb398974dfe4a.jpg

သတင်း အရင်းအမြစ်Blogger Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T