သေနက်အပစ်ခံရလို့ ကွယ်လွန်သွားတဲ့အပြင် လက်အဖြတ်ခံရပြီး ရွှေလက်စွပ်ပါ အခိုးခံရတဲ့ ထန်တလန်မြို့က သင်းအုပ်ဆရာတော်ရဲ့ ရင်နင့်စရာအဖြစ်

//s9.kh1.co/89/89efaefebbefcd36ff0a243bcc98172085c22d4d.jpg
နေ့စဉ်သတင်းများ

 ၁၉-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော နေရာဒေသတချို့တွေမှာ တိုက်ပွဲတွေပိုမိုဖြစ်ပွားလာခဲ့ပြီး လူနေအိမ်များပျက်စီးခဲ့ရတဲ့အပြင် လူသေဆုံးမှုတွေပါ ရှိလာခဲ့ပါတယ်။ စတင်ဘာလ(၁၈) ရက် ယမန်နေ့ကလည်း ချင်းပြည်နယ်၊ ထန်တလန်မြို့က စိတ်မကောင်းစရာ သတင်းတစ်ခုထပ်မံ ကြားသိရပါတယ်။ ဒါကတော့ ထန်တလန်မြို့အတွင်းက (၁)ရပ်ကွက်မှာ နှစ်ဖက်တပ်တွေ အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားမှုကြောင်း လူနေအိမ်တချို့ မီးလောင်ပျက်စီးခဲ့ရပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

အပြန်အလှန် ပစ်ခတ်မှုတွေနဲ့ နေအိမ်များမီးလောင်ခဲ့တာကြောင့် ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်နေရကြောင်း ကြားသိရပါတယ်။ ဒါ့အပြင် ထန်တလန်မြို့ TCBC အသင်းတော်ရဲ့ သင်းအုပ်ဆရာတော် Pastor Biak Kolh လည်း မီးလောင်စဉ် မီးငြိမ်းဖို့သွားနေရင်း သေနက်ပစ်ခံရပြီး ကျောင်းလမ်းရပ်ကွက်လမ်းဘေးက သွေးအိုင်ထဲမှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload
Photo Credit - Original Upload

သင်းအုပ်ဆရာတော် Pastor Biak Kolh ကွယ်လွန်သွားချိန်မှာတော့ ဇနီးဖြစ်သူနဲ့ လူမယ်အရွယ် သားလေး(၂)ယောက်လည်း ကျန်ရှိနေခဲ့တယ်လို့ ကြားသိရပါတယ်။ ပိုပြီးစိတ်မကောင်းစရာ သတင်းကတော့သင်းအုပ်ဆရာတော် Pastor Biak Kolh ဟာ သေနက်အပစ်ခံရပြီး ကွယ်လွန်သွားချိန်မှာ ၎င်းရဲ့ ၎င်းဘယ်ဘက် လက်‌ချောင်းကိုဖြတ်ကာ လက်ထပ် ရွှေလက်စွပ်ကို ခိုးယူသွားကြတယ်လို့ သတင်းများ ထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit - Original Upload
Photo Credit - Original Upload

သတင်း အရင်းအမြစ်

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T