သူမရဲ့ဆိုင်ရှေ့ထိလာပြီး အကူအညီလာတောင်းရှာတဲ့ အန်တီကြီးတစ်ဦးကို တတ်နိုင်သရွေ့လေးထောက်ပံ့ကူညီခဲ့တဲ့ စူးရှထက်

//s9.kh1.co/7b/7b5d478a50045e7b89dc5de5d8ab420004e872f9.jpg
အနုပညာရှင်များ

 ၁၈-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

မော်ဒယ်လ်သရုပ်ဆောင်အဖြစ် ပရိသတ်တွေအားပေးလက်ခံကြတဲ့ စူးရှထက်ကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတစ်ယောက်အနေနဲ့ တတ်နိုင်တဲ့ဘက်ကနေ အားလုံးနဲ့အတူရပ်တည်ကာ လှုပ်ရှားမှုတွေ ပြုလုပ်နေသူပဲ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်လှုပ်ရှားမှုတွေနဲ့ လှူဒါန်းမှုတွေမှာပါ အဖက်ဖက်ကနေ ပြည်သူတွေနဲ့အတူ ပါဝင်အားဖြည့်နေတဲ့ စူးရှထက်ကတော့ ငွေကြေးတွေအပြင် ငွေအင်အားလူအင်အားနဲ့ အင်တိုက်အားတိုက်ပါဝင်နေတာကိုတွေ့ရပါတယ်။

Photo credit-Sue Sha Htet's Facebook acc
Photo credit-Sue Sha Htet's Facebook acc
Photo credit-Sue Sha Htet's Facebook acc
Photo credit-Sue Sha Htet's Facebook acc

မကြာသေးခင်ရက်ပိုင်းအတွင်းကလည်း ကာလဒါန အလှူအဖြစ် ခက်ခဲနေတဲ့ ပြည်သူများအတွက် အဆင်ပြေစေရန် ရည်ရွယ်ပြီး ဟင်းသီးဟင်းရွက်များကို သူမရဲ့ ဆိုင်ရှေ့မှာ လူတန်းစားမရွေး ပေးဝေလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒီကနေ့မှာဆိုရင်လည်း စူးရှထက်ဟာ မြင်ရသူတိုင်းစိတ်ကြည်နူးပီတိဖြစ်စရာကောင်းတဲ့ အလှူလေးတစ်ခုကိုပြုလုပ်ခဲ့တာဖြစ်ပါတယ်။

Photo credit-Sue Sha Htet's Facebook acc
Photo credit-Sue Sha Htet's Facebook acc
Photo credit-Sue Sha Htet's Facebook acc
Photo credit-Sue Sha Htet's Facebook acc

သူမရဲ့အထည်ဆိုင်ရှေ့လေးထိလာရောက်ပြီး စား၀တ်နေရေးခက်ခဲနေတာကြောင့် အကူအညီလာတောင်းရှာတဲ့ အန်တီတစ်ယောက်ကို ငွေကြေးအချို့နဲ့ ဆန်ဆီလှူဒါန်းပေးခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးအခြေအနေတွေနဲ့ ငွေဈေးနှုန်းမြင့်တက်မှုတွေကြောင့် ပြည်သူတွေခမျာမှာလည်း စီးပွားရေးတွေကြပ်တည်းနေကြရတာပါ။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Sue Sha Htet's Facebook acc
Photo credit-Sue Sha Htet's Facebook acc

သတင်း အရင်းအမြစ်Sue Sha Htet's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T