နယ်စပ်ကနေ တရားမဝင်ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား (၁၆၃)ဦးကို ဖမ်းဆီးထားပြီး မနေ့ကနေရပ်သို့ပြန်ပို့ပေးခဲ့တဲ့ ထိုင်းနိုင်ငံအရာရှိများ

//s9.kh1.co/d1/d14dad6f5dc22878927ea1f14d07ea19cd5f6f6b.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၂pm · လွန်ခဲ့သော ၃ နှစ် က

နယ်စပ်ကနေ တရားမဝင်ခိုးဝင်လာကြတဲ့ မြန်မာနိုင်ငံသား (၁၆၃)ဦးကို ဖမ်းဆီးထားပြီး မနေ့ကနေရပ်သို့ပြန်ပို့ပေးခဲ့တဲ့ ထိုင်းနိုင်ငံအရာရှိများ

လတ်တလောမှာဆိုရင် ထိုင်းနိုင်ငံအတွင်းကို မြန်မာနိုင်ငံသားတချို့ကလည်း နယ်စပ်ကနေ ခိုးဝင်နေကြတာဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာ ကိုဗစ်စည်းကမ်းတွေတင်းကြပ်ထားတာကြောင့် တရားမဝင်ခိုးဝင်သူများကိုလည်း ဥပဒေနဲ့အညီအရေးယူနေကြတာဖြစ်ပါတယ်။မြန်မာနိုင်ငံသားတွေက ထိုင်းနိုင်ငံနဲ့ထိစပ်နေတဲ့ မြဝတီ၊ကော့သောင်း စတဲ့နေရာတွေကနေ ခိုးဝင်နေကြတာဖြစ်ပါတယ်။ဒါ့ကြောင့် ထိုင်းရဲတွေကလည်း နယ်ခြားသောင်ရင်း မြစ်တစ်လျှောက်မှာ လုံခြုံရေးတွေတိုးမြှင့်ထားကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

လက်ရှိမှာ ထိုင်းနိုင်ငံတောင်ပိုင်း၊ရနောင်းမြို့နယ်ဘက်မှာလည်း တရားမဝင်ခိုးဝင်သူတွေကို ဖမ်းဆီးမိနေတာဖြစ်ပါတယ်။အဲ့ဒီလိုခိုးဝင်တာကြောင့် မြန်မာပြည်သူတွေလည်း ပိုက်ဆံကုန်ရတဲ့အပြင် လူပါပင်ပန်းကြတာဖြစ်ပါတယ်။လွန်ခဲ့တဲ့ရက်တွေကလည်း တရားမဝင် ဝင်ရောက်နေထိုင်လို့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား (၁၆၃)ဦးကို နှစ်နိုင်ငံအရာရှိများပူးပေါင်းပြီး နေရပ်ပြန်ပို့ရန်စီစဉ်ခဲ့ကြတာဖြစ်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

မြန်မာနိုင်ငံသားတွေကလည်း ထိုင်းနိုင်ငံကို ခိုးဝင်တဲ့အခါမှာ ကယ်ရီခဆိုလည်းကုန်သလို ဖမ်းမိခဲ့ရင်လည်းအချုပ်ထဲမှာနေရသေးတာဖြစ်ပါတယ်။စားဝတ်နေရေးအတွက် တခြားနိုင်ငံမှာအလုပ်လုပ်ရအောင်သွားကြပေမယ့်နောက်ဆုံးမှာ မြန်မာပြည်ပြန်ပို့ခံရတာဖြစ်ပါတယ်။ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား (၁၆၃)ဦးကတော့စက်တင်ဘာလ (၁၇)ရက်နေ့က နေရပ်သို့ပြန်လာခဲ့ရကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder
Photo Credit:Original Uploder

Source&Photo Credit: Original Uploder 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T