ရေအိုင်ငယ်လေးထဲက နောက်ကျိနေတဲ့ ရေတွေကို အသုံးပြု သောက်သုံးနေရတဲ့ စစ်ဘေးရှောင် ပြည်တစ်ဦးရဲ့ ဗီဒီယိုဖိုင်

//s9.kh1.co/46/460211803bc50cd7acfd6b9a340408570d6bc4e4.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.....

တစ်ချို့နေရာတွေမှာ အခြေအနေ အမျိုးမျိုးကြောင့် တိုက်ပွဲတွေပြင်းထန်လျက်ရှိနေပြီး ပြည်သူတွေ တော်တော်များများကလည်း အသက်ဘေးအန္တရာယ် ကင်းလွတ်ဖို့အတွက် ရှိသမျှတွေကို စွန့်ပစ်ခဲ့ရပြီး တောထဲတောင်ထဲမှာ စစ်ဘေးရှောင်နေကြရဆဲပါ ။ မိုးတွင်းကာလလည်း ဖြစ်တာကြောင့် အခက်အခဲတွေကတော့ အလွန်များပြားလှပါတယ် ။

Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page

နေအိမ်ကိုစွန့်ခွာကာ စစ်ဘေးရှောင်နေကြတာကြောင့် အစစအရာရာ ခက်ခဲနေကြပြီး အစားအသောက် နေထိုင်ရေးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကအစ အကူအညီ အများအပြား လိုအပ်နေကြတာလည်း ဖြစ်ပါတယ်။ ပြည်မက ပြည်သူတွေကလည်း လူသားချင်းစာနာစွာ တတ်နိုင်သလောက်တော့ ဝိုင်းဝန်း ကူညီထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးကြတာကို တွေ့ရပါတယ် ။

Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page

ဒီလို ကူညီပေးကြပေမယ့်လည်း အဓိက ပြဿနာကတော့ သောက်သုံးရေရှာပါးနေတာပဲဖြစ်ပါတယ် ။ အခုလည်း တောထဲမှာ ရေအိုင်ငယ်လေးထဲက နောက်ကျိနေတဲ့ ရေတွေကို ရေစစ်တောင်မပါဘဲ သောက်သုံးနေရတယ်ဆိုတဲ့ စစ်ရှောင် ပြည်သူတစ်ဦးရဲ့ ဗီဒီယိုလေးကို တွေ့ရပါတယ် ။ ဗီဒီယိုကြည့်ပြီး စစ်မကောင်းဖြစ်ရတာကြောင့် ပရိသတ်ကြီး အတွက် ပြန်လည်ဖော်ပြပေးရင်း အားလုံး အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T