ထိုင်းရောက်မြန်မာတွေလှူဒါန်းကြတဲ့ ရိက္ခာတွေချောချောမွေ့မွေ့နဲ့ရောက်ရှိလာတာကြောင့် အတိုင်းမသိပျော်ရွှင်နေကြတဲ့ PDFရဲဘော်များ

//s9.kh1.co/50/5039f0162f8b2b32aae7df1105350e021e5ce620.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်တော်တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး လွတ်မြောက်နယ်မြေမှာ PDF လူငယ်တွေအနေနဲ့ အခက်အခဲတွေများစွာကို အားတင်းရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

ထိုင်းရောက်မြန်မာတွေကလည်း PDF ရဲဘော်တွေအတွက် တတ်နိုင်သရွေ့ကူညီထောက်ပံ့ပေးနေကြတာကိုတွေ့ရပြီး တစ်ချို့တွေမှာလည်း လွတ်မြောက်နယ်မြေထိလာကာ စစ်ပညာသင်ယူနေကြတာလည်းတွေ့ရပါတယ် ။ အခုအခါမှာဆိုရင်လည်း ထိုင်းရောက်မြန်မာတွေပေးပို့လှူဒါန်းကြတဲ့ ရိက္ခာအစားအသောက်တွေ ရဲဘော်တွေ‌ဆီရောက်ရှိလာပြီဖြစ်တာကြောင့် ရဲဘော်တွေအနေနဲ့လည်း ကျေနပ်ပျော်ရွှင်နေကြရတာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Ye Min's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T