ပြိုကျလုဆဲဆဲဖြစ်နေပြီး ရေဝင်နေတဲ့အိမ်လေးထဲမှာ အခက်အခဲများစွာနဲ့ နေထိုင်နေကြရရှာတဲ့ မြေးအဖိုးနှစ်ယောက်

//s9.kh1.co/05/05e8c42d7528f0fa6856afabbe965a18c76be173.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

..

စီးပွားရေးကြပ်တည်းနေတဲ့ လတ်တလောကာလတွေမှာ ပြည်သူတွေဟာ ဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်းရင်ဆိုင်နေကြရတာဖြစ်ပြီး ဆင်းရဲနွမ်းပါးပြည်သူတွေမှာတော့ ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင်ကြိုးစားနေကြရတာပါ။ အခက်အခဲတွေများစွာနဲ့ စားဝတ်နေရေးမပြေလည်မှုတွေအပြင် နေထိုင်ရေးတွေအတွက်ပါ ပူပင်နေကြရသူတွေလည်း ရှိနေကြတာ တွေ့ရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader

မပြေလည်မှုတွေအမြောက်အများကြား ခိုနားဖို့အရိပ်လေးအတွက်တောင် ခက်ခဲပင်ပန်းစွာ ရုန်းကန်နေကြရသူတွေထဲမှာ မန္တလေးမြိို့ အမရပူရမှ မြေးအဖိုးနှစ်ယောက်ရဲ့ အဖြစ်လေးကလည်း တကယ်ကို စိတ်မကောင်းစရာပါပဲ။ ပြိုကျလုဆဲဆဲဖြစ်နေပြီး ရေဝင်နေတဲ့အိမ်လေးထဲမှာ အခက်အခဲများစွာနဲ့ နေထိုင်နေကြရရှာတာကြောင့် ပြည်သူတွေက အသစ်ပြန်လည်တည်ဆောက်ပေးသွားမယ်လို့လည်း သိရပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

အလင်းစေတမန် အွန်လိုင်း ပရဟိတမှ အသင်းဝင်တဦးမှ မြေးအဖိုးနှစ်ယောက်ရဲ့နေအိမ်လေးကို သွားရောက်ကြည့်ရှုပြီး အိမ်ထဲဝင်နေတဲ့ရေတွေကိုထုတ်ကာမြေဖို့ပြီး နေအိမ်အသစ်လေးပြန်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။ ယိုင်နဲ့နဲ့အိမ်လေးမှာ ဖြစ်သလိုနေထိုင်နေကြတဲ့ မြေးအဖိုးနှစ်ယောက်အတွက် စိတ်မကောင်းဖြစ်ကြရသလို အိမ်အသစ်လေးအတွက်လည်း အားလုံးက ဝမ်းသာနေကြတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader


Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T