ရေတွေ ပြည့်လျှံကာ ပျက်စီးပြီး သွားလာရ ခက်ခဲသည်အထိ ဆိုးဝါးလွန်းနေတဲ့ ဗန်းမော် မန္တလေး ကားလမ်းရဲ့ လက်ရှိ အခြေအနေ

//s9.kh1.co/e3/e3e30413f53573ac30cbce42765b33349d3f9c09.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.....

တောင်တန်းဒေသတွေမှာ နေထိုင်ကြတဲ့ ဒေသခံတွေအနေနဲ့ အခုဆိုရင် အခက်အခဲတွေ များစွာကို ရင်ဆိုင်နေကြရပါတယ် ။ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ရတာက တစ်မျိုး ၊ ကိုဗစ်ရောဂါ ဖြစ်ပွားမှုတွေ အပြင် သဘာဝ ဘေးအန္တရာယ်တွေကိုပါ ကြုံတွေ့နေရပါတယ် ။ မိုးတွင်းကာလဖြစ်လို့ ရေကြီး ရေလျှံတာတွေ ၊ မြေပြိုကျမှုတွေကြောင့် အသက်ဆုံးရှုံးရသူတွေတောင် ရှိခဲ့တာပါ ။

Photo Credit : original uploader
Photo Credit : original uploader

မကြာခင်ကာလက ဆိုရင်လည်း မိုးကုတ်မြို့နဲ့ ကချင်ပြည်နယ်တို့မှာလည်း အခြေအနေတွေ ဆိုးဝါးခဲ့ပြီး နေ့ရက်တိုင်း မြေပြိုကျမှုတွေ ဖြစ်ပွားခဲ့လို့ ဒေသခံတွေ အနေနဲ့ ဆုံးရှုံးမှုတွေ များခဲ့ပါတယ် ။ အခုလည်း မိုး အဆက်မပြတ် ရွာသွန်းမှုတွေကြောင့် ဗန်းမော် မန္တလေး ကားလမ်း မကျည်းရှိူ အနီးမှာ ရေတွေပြည့်လျှံကာ သွားလားရေး ခက်ခဲနေတာကို တွေ့ရပါတယ် ။ 

Photo Credit : original uploader
Photo Credit : original uploader

ဆိုင်ကယ်တွေဆို မောင်းမရတာကြောင့် ဆင်းတွန်းတာတောင် တစ်စီးလုံး နစ်သည်အထိ ရေတွေပြည့်လျှံနေတာကို ဗီဒီယိုထဲမှာ တွေ့ရမှာပါ ။ တစ်ချို့ ကားကြီးတွေဆိုရင်လည်း သွားမရလို့ ရေထဲပဲ ရပ်ထားရတာကို တွေ့ရပါတယ် ။ ဒီလို သွားလာရေး ခက်ခဲနေတဲ့ ဗန်းမော် မန္တလေး ကားလမ်းရဲ့ လက်ရှိ အခြေအနေတွေကို ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးရင်း အမြန် အဆင်ပြေကြပါစေ ဆုတောင်းပေးလိုက်ပါတယ် ။

Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T