တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ဖခင်အတွက် ဖြေမဆည်နိုင်အောင် ယူကြုံးမရဖြစ်နေရှာတဲ့ သမီးဖြစ်သူ

//s9.kh1.co/af/af049bed79af9f74bb3ffc59f7a10b43f02b1313.jpeg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

..

စက်တင်ဘာ (၁၆)ရက်နေ့ညက ကရင်နီပြည်နယ်(ကယား) လွိုင်ကော်မြို့နယ်အတွင်းမှာ စကစတပ်နဲ့ ကရင်နီတပ်မတော် KA ၊ KNDFပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KA မှ တပ်ကြပ်ကြီးတစ်ဦး ကျဆုံးသွားခဲ့ပါတယ်။ ည (၇) နာရီနဲ့ (၈)နာရီကြားမှာ လွိုင်ကော်မြို့နယ် ဒေါ်ပိုစီရွာနဲ့ (၆)မိုင်ကျေးရွာနယ်မြေအတွင်းရှိ စစ်ရှောင်စခန်းဆီကို ဦးတည်နေတဲ့ စကစတပ် အင်အား (၁၀၀)ခန့်နဲ့ (၄၅)မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

စကစတပ်ဘက်မှ (၄)ဦးခန့် ဒဏ်ရာရကျဆုံးခဲ့သလို KA မှ တပ်ကြပ်ကြီး နားရယ် (အယ်ဒီ)ဟာ တိုက်ပွဲမှာလက်နက်ကြီးကျည်ထိမှန်ဒဏ်ရာရပြီး တောတွင်းဆေးခန်းတစ်နေရာမှာ ကျဆုံးခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ပြည်သူတွေနဲ့ ယုံကြည်တဲ့အနာဂတ်တွေအတွက် အသက်ပေးစွန့်သွားတဲ့ တပ်ကြပ်ကြီး နားရယ် (အယ်ဒီ) ရဲ့ ကျန်ရစ်သူမိသားစုဝင်တွေမှာလည်း ဖြေမဆည်နိုင်တဲ့ ယူကြုံးမရဝမ်းနည်းမှုတွေနဲ့ ကျန်ရစ်ခံစားနေကြရတာ ဖြစ်ပါတယ်။ 

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader

တိုင်းပြည်နဲ့လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တိုက်ပွဲမှာကျဆုံးသွားတဲ့ဖခင်နဲ့ ပတ်သက်ပြီးတော့လည်း ရင်နင့်အောင် ဝမ်းနည်းနေရပြီး ရှေ့ဆက်ရမယ့်အခက်အခဲတွေကို ပြောပြလာပါတယ်။ (၁၈)နှစ်အရွယ်သူမအပြင် အသက်(၅)နှစ် အရွယ် သမီးတွေကိုခဏထားခဲ့ကာ တိုင်းပြည်နဲ့ လူမျိုးကို သွားကာကွယ်ဦးမယ်ဆိုပြီး တစ်သက်လုံး ထားခဲ့လိုက်ရတဲ့ ဖခင်သူရဲကောင်းကြီးအတွက် ဂုဏ်ယူနေတဲ့အကြောင်းတွေလည်း စိတ်မကောင်းစွာ ပြောပြထားတာ ဖြစ်ပါတယ်။

Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Photo Credit - Original Uploader
Kyi Kyi Nyein
Nyein

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T