ဆင်းရဲနွမ်းပါးတဲ့ ကလေးတစ်ဦးရဲ့အလောင်းကို သေသွားတာတောင် ပတ်ဝန်းကျင်ကပေးမဖြတ်လို့ ရာဘာတောထဲကနေ ခက်ခက်ခဲခဲသယ်ထုတ်ခဲ့ရတဲ့အဖြစ်

//s9.kh1.co/c1/c1e119ac263764b8680041763b4b9c933cebeee4.jpg
နေ့စဉ်သတင်းများ

 ၁၈-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဆင်းရဲနွမ်းပါးတဲ့ ကလေးတစ်ဦးရဲ့အလောင်းကို သေသွားတာတောင် ပတ်ဝန်းကျင်ကပေးမဖြတ်လို့ ရာဘာတောထဲကနေ ခက်ခက်ခဲခဲသယ်ထုတ်ခဲ့ရတဲ့အဖြစ်

မွန်ပြည်နယ်မှာရှိတဲ့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကတော့ ပြည်သူတွေကို ကူညီပေးနေတဲ့ ပရဟိတအဖွဲ့တစ်ဖွဲ့ပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ စက်တင်ဘာလ (၁၇)ရက်နေ့မှာတော့ ဘိုဘိုဝင်း Rescue အဖွဲ့က ကလေးငယ်တစ်ဦးရဲ့ရုပ်အလောင်းကို သွားရောက်သယ်ဆောင်ပြီး သုသာန်မှာ မီးသင်္ဂြိုဟ်ပေးခဲ့တာ ဖြစ်ပါတယ် ။ မော်လမြိုင်မြို့ ကင်မွန်ခြုံအနောက်ဘက်ရှိ နေအိမ်တစ်အိမ်မှာ (၉၆)ပါးရောဂါနဲ့ သေဆုံးနေတဲ့ ကလေးငယ်တစ်ဦးရဲ့ရုပ်အလောင်းကို သုသာန်သို့ပို့ပေးဖို့ အကူအညီတောင်းခံလာတဲ့အတွက် သွားရောက်ကူညီခဲ့ရတာ ဖြစ်ပါတယ် ။

Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc

ဒါပေမဲ့ ပိုက်ဆံမရှိ ဆင်းရဲနွမ်းပါးသူဖြစ်တဲ့ ဒီကလေးငယ်ရဲ့ရုပ်အလောင်းကို ပတ်ဝန်းကျင်က ပေးမဖြတ်တာကြောင့် ရာဘာခြံတောထဲကနေ သယ်ထုတ်ခဲ့ရတာ ဖြစ်ပါတယ် ။ ဘိုဘိုဝင်း Rescue အဖွဲ့သားတွေက ကလေးငယ်ရဲ့Dead Body ကိုသယ်ဖို့အတွက် ရာဘာတောထဲကနေ တစ်မိုင်လောက် လမ်းလျှောက်ခဲ့ရတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ ဘိုဘိုဝင်းအဖွဲ့က သေဆုံးသူ ကလေးငယ်ရဲ့ရုပ်အလောင်းကို ရိုးရိုးသုသာန်မှာ မီးသင်္ဂြိုဟ်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။

Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc

ဘိုဘိုဝင်း Rescue အဖွဲ့က သူတို့ဆီကို အကူအညီတောင်းခံလာတဲ့ကိစ္စကို အစကနေ အဆုံးအထိ စေတနာအပြည့်နဲ့ ကူညီဆောင်ရွက်ပေးခဲ့ကြတာ ဖြစ်ပါတယ် ။ သေဆုံးသွားတာတောင် ပတ်ဝန်းကျင်ကပေးမဖြတ်လို့ Dead Bodyကို ခက်ခက်ခဲခဲ သယ်ခဲ့ရတဲ့ ဒီကလေးငယ်ရဲ့အဖြစ်ကိုကြားပြီး ပြည်သူတွေလည်း စိတ်မကောင်းဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။ ကလေးငယ်ရဲ့ရုပ်အလောင်းကို ရာဘာတောထဲကနေ တစ်မိုင်လောက်လမ်းလျှောက်ပြီး သယ်ထုတ်ခဲ့ရတဲ့ ဘိုဘိုဝင်း Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ရဲ့ပုံရိပ်တွေကိုလည်း ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source & Photo Credit-ဘိုဘိုဝင်း's FB Acc

Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Photo Credit-ဘိုဘိုဝင်း's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T