စစ်ဘေးရှောင်စခန်းကပြည်သူတွေ နာမကျန်းဖြစ်နေတာကြောင့် ဦးဇင်းတွေကိုယ်တိုင်ဂရုတစိုက်ကူညီစောင့်ရှောက်ပေးနေကြရတဲ့ မြင်ကွင်းပုံရိပ်များ

//s9.kh1.co/84/846a9b177c466ca9ee1f136a1f20654071bc275e.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

တစ်ဆထက်တစ်ဆ ဆိုးရွားလာတဲ့ လက်ရှိအခြေနေတွေကြောင့် တောင်တန်းဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေသလို ရန်ကုန်အပါအဝင်အခြားမြို့နယ်တွေမှာလည်း အကြမ်းဖက်မှုတွေတိုးပွားလာတာ တွေ့ရပါတယ်။ စစ်ရှောင်ဒေသတွေမှာ လည်း အစားအသောက်ချို့တဲ့မှု၊ ရေရှားပါးမှုတွေနဲ့ကြုံတွေ့နေရပြီး သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေအတော်များများလည်း စစ်ဘေးရှောင် စခန်းတွေမှာနေထိုင်နေရတာဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

စေတနာရှင်ပြည်သူတွေကလည်း စစ်ဘေးရှောင်တွေရှိရာ ဒေသတွေကိုသွားရောက်ပြီး လိုအပ်တဲ့အကူအညီတွေ ပေးနေတာဖြစ်ပြီး အစားအသောက်နဲ့ ဆေးဝါးထောက်ပံ့မှုတွေများစွာလိုအပ်နေတာလည်းဖြစ်ပါတယ်။ အခုအခါမှာဆိုရင်လည်း ဦးဇင်းတစ်ပါးဟာ စစ်ဘေးရှောင်စခန်းကအခြေအနေပုံရိပ်အချို့ကိုမျှဝေလာပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

စစ်ဘေးရှောင်စခန်းက ပြည်သူအချို့နာမကျန်းဖြစ်နေတာကြောင့် သံဃာတော်တွေကိုယ်တိုင် ၀င်ရောက်ကူညီနေပြီး ဆေးကုသမှုရရှိရန်ကြိုးစားပို့ဆောင်ပေးနေတာကို တွေ့ရပါတယ်။ မိုးရွာတဲ့အခြေအနေတွေကြောင့် စစ်ဘေးသင့်စခန်းကပြည်သူတွေအနေနဲ့ ကျန်းမာရေးထိခိုက်မှုတွေရှိလာခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်ရွှေပါရမီပညာဒါန-ထိုင်းနိုင်ငံ's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T