အလှူငွေမရတဲ့အချိန်တွေမှာ တောထဲက မျှစ်တွေနဲ့ ငှက်ပျောသီးတွေခူးပြီး ဝမ်းရေးဖြေရှင်းနေကြရတဲ့ PDF လူငယ်လေးတွေ

//s9.kh1.co/41/4116f2fff8fb66a6c76b14f96c09dcd01a347e8c.png
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

နေရေးစားရေးခက်ခဲတဲ့နေရာတွေမှာ ဒုက္ခမျိုးစုံခံစားပြီးနေရတဲ့ PDF လူငယ်လေးတွေဟာ အလှူရှင်တွေရဲ့ သဒ္ဓါတရားကြောင့် ဟင်းကောင်းစားရတဲ့နေ့တွေရှိသလို အလှူငွေမရတဲ့အချိန်မှာလည်း တောထဲက မျှစ်တွေနဲ့ ငှက်ပျောသီးတွေခူးယူပြီး ဝမ်းရေးကို ဖြစ်သလိုဖြေရှင်းနေရကြောင်းကို PDF လူငယ်လေးတွေ ကို ဒိုင်ခံကူညီပေးနေတဲ့ ပြည်သူတစ်ဦးက ပြောပြလာခဲ့ပါတယ်။ လက်ရှိအချိန်မှာ အစစအရာရာ ကျပ်တည်းနေတာမို့ အလှူခံရတာလည်း မလွယ်ကူလှပါဘူး။

Photo Credit - KEEP On Smiling's FB Acc
Photo Credit - KEEP On Smiling's FB Acc

အမြဲတမ်းလှူလာပေးတဲ့အလှူရှင်တစ်ယောက်ဟာ အလှူငွေမရလို့ စိတ်မကောင်းဖြစ်တဲ့အချိန်မှာ PDF တပ်သားလေးတွေဟာ အလှူငွေမရလို့ စိတ်မညစ်ဖို့နဲ့ တောထဲမှာ မျှစ်တွေ ငှက်ပျောသီးတွေ ပေါများကြောင်း ပြန်ပြီးအားပေးခဲ့ပါသေးတယ်။ ဒီလိုစိတ်ဓာတ်နဲ့လူငယ်လေးတွေ တိုက်မယ့်တိုက်ပွဲဟာ မအောင်မြင်နိုင်စရာမရှိဘူးလို့လည်း မှတ်ချက်တွေအများအပြားပေးခဲ့ကြပါတယ်။ စွန့်လွှတ်စွန့်စားစိတ်နဲ့ တိုက်ပွဲဝင်နေတဲ့ PDF တွေတိုင်းဟာ လေးစားထိုက်သူတွေပါ။

Photo Credit - KEEP On Smiling's FB Acc
Photo Credit - KEEP On Smiling's FB Acc

ရောက်တဲ့နေရာမှာ အဆင်ပြေသလိုဖြတ်သန်းပြီး ကိုယ်အဓိကလုပ်ရမယ့်တာဝန်နဲ့ ဝတ္တရားကို မပျက်မကွက်ဂရုစိုက်တတ်တဲ့အကျင့်လေးတွေက တကယ်ကိုကောင်းမွန်ပါတယ်။ အစစအရာရာ မပြည့်စုံတဲ့အခြေအနေတွေကိုလည်း ရအောင်ဖြတ်သန်းပြီး ကိုယ်ဖြစ်ချင်တဲ့ ပန်းတိုင်ကို အရောက်လှမ်းနေကြတဲ့ PDF လူငယ်လေးတွေအားလုံး ဘေးကင်းကြပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - KEEP On Smiling's FB Acc
Photo Credit - KEEP On Smiling's FB Acc

သတင်း အရင်းအမြစ်KEEP On Smiling's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T