ပြည်မကလူတွေက လူငယ်တွေကိုအိမ်ငှားမထားချင်တော့တာနဲ့ပက်သက်ပြီး ခံစားချက်အချို့နဲ့ ဖြစ်လာနိုင်တဲ့စစ်ပွဲအခြေအနေတွေကိုပြောလာတဲ့ ရဲဘော်တစ်ဦး

//s9.kh1.co/e1/e1226321b3214032b903cd1d7bc27e5550fb71c2.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

စစ်မှန်တဲ့ ဖယ်ဒရယ်ဒီမိုကရေစီကို လိုလားကြတဲ့ GZလူငယ်တွေကတော့ ယနေ့အချိန်ထိ အာဏာရှင်လူတစ်စုကို နည်းမျိုးစုံဖြင့် ဆန္ဒပြတော်လှန်လှုပ်ရှားနေကြတာဖြစ်ပါတယ်.....။ Gen Zလူငယ်လေးတွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တွေအနေနဲ့ ခံယူပြီး လွတ်မြောက်ဒေသတွေမှာ စစ်ပညာကြိုးစားသင်ယူနေကြတာပါ ။ တိုင်းပြည်နဲ့ လူမျိုးအတွက် တန်ဖိုးရှိတဲ့ အရာတွေကို စွန့်ခွာပြီး တောတောင်တွေထဲမှာ ခက်ခဲကြမ်းတမ်းစွာနဲ့ ယုံကြည်ရာကို လျှောက်လှမ်းနေကြတဲ့ လူငယ်လေးတွေပဲ ဖြစ်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

လူငယ်တွေဘက်က စိတ်ဓာတ်ပြင်းထန်စွာနဲ့ စစ်ရေးပြင်ဆင်လာကြတဲ့အလျောက် တစ်ဖက်မှာလည်း ယခင်ကထက်ဖိနှိပ်မှုတွေကိုပြုလုပ်လာနေပြီး ဖမ်းဆီးနှိမ်နင်းမှုတွေကို ပြုလုပ်နေတာတွေ့ရပါတယ် ။ ဒါ့ပြင် PDFလူငယ်တွေနဲ့ပက်သက်ပြီး မြို့ပေါ်နေရာတွေမှာတိုက်ခန်းအငှားမထားအောင် ကန့်သတ်ချက်စည်းမျဉ်းတွေထုတ်ပြန်ကြေငြာနေတာလည်းတွေ့ရပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader

ဒီဖြစ်ရပ်တွေနဲ့ပက်သက်ပြီး လွတ်မြောက်နယ်မြေရောက်ရဲဘော်တစ်ဦးဟာ စစ်ပွဲကြီးတွေမဖြစ်သရွေ့၊ စစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေကို မခံချင်သရွေ့ အာဏာရှင်တွေအမြစ်ပြတ်မည်မဟုတ်ကြောင်း၊ စိတ်ဓာတ်တွေပြင်းပြင်းထန်ထန်နဲ့ ပြတ်ပြတ်သားသားတော်လှန်နိုင်မှသာ အာဏာရှင်တွေအဆုံးသတ်မှာဖြစ်ကြောင်းလည်း ရေးသားလာခဲ့ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader
Photo credit-Original Uploader

သတင်း အရင်းအမြစ်Ye Min's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T