ချင်းပြည်နယ်အတွင်းမှာ ဧပြီလပိုင်းလောက်ကနေစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင်တပ်တွေအကြား ထိတွေ့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့ပါတယ်။ အဆိုပါတိုက်ပွဲများမှာလည်း နှစ်ဘက်ကျဆုံးမှုတွေရှိခဲ့တဲ့အပြင် ထောင်နဲ့ချီတဲ့ ပြည်သူတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင် ခဲ့ရပါတယ်။ ဒါ့အပြင် အာဏာရှင်တပ်တွေက အင်အားအလုံးအရင်းနဲ့ မြို့နယ်တွေမှာ ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီး ဖမ်းဆီးစစ်ဆေးမှုတွေ ပိုမိုလုပ်ဆောင်လာတာ တွေ့ရပါတယ်။
ဒါ့အပြင် တချို့ကျေးရွာတွေမှာ အာဏာရှင်တပ်တွေက တပ်စွဲစခန်းချတာတွေရှိပြီး နေအိမ်ထဲထိဝင်ရောက်ကာ မွှေနှောက်ရှာဖွေတဲ့အပြင် ဖျက်စီးမှုတွေပါ လုပ်ဆောင်လာတာ တွေ့မြင်ရပါတယ်။ လက်ရှိမှာတော့ ဟားခါးမြို့နယ်အပါအဝင် အခြားမြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာကြောင်း သိရပါတယ်။ ယခုမှာလည်း ဟားခါးမြို့နယ်က ပြည်သူတွေရဲ့ စိတ်မကောင်းစရာ ပုံရိပ်တချို့ဟာ လူမှုကွန်ယက်မှာ ပျံ့နှံ့လာခဲ့ပါတယ်။
ဒါကတော့ စတင်ဘာလ (၁၆)ရက်နေ့ ည (၁၁) နာရီ ဝန်းကျင်လောက်မှာ ဟားခါးမြို့နယ်အတွင်း အာဏာရှင်လူတစ်စုက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။ ယင်း ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့အပြင် လက်နက်ကြီးတွေနဲ့ ထိမှန်မှုကြောင့် ကျေးရွာထဲက လူနေအိမ်တချို့ ပျက်စီးခဲ့ရတာ ဖြစ်ပါတယ်။ ဒေသခံပြည်သူတချို့ကတော့ နေအိမ်များ စွန့်ခွာပြီး ဘေးလွတ်ရာတွေမှာ တိမ်းရှောင်နေရကြောင်း သိရပါတယ်။
သတင်း အရင်းအမြစ်៖ Source - Original Upload