ယခင်ဆန္ဒပြခဲ့စဉ်က စိတ်မကောင်းစရာ အထိကရုဏ်း ပုံရိပ်တစ်ချို့ကို ရင်နာနာနဲ့ ပြန်လည်ဖော်ပြလာခဲ့တဲ့ ပြည်သူတစ်ဦး

//s9.kh1.co/d1/d157b056dd05a00cc4e27ef2d9937e295c8526d6.png
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်စတင်ခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပြည်သူအများဟာ အာဏာရှင်ကို ဆန့်ကျင်ကြောင်း အင်တိုက်အားတိုက်ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လက်ရှိမှာလည်း တော်လှန်ရေးဟာ အရင်ထက်ပိုပြီးအရှိန်အဟုန်ပြင်းလာခဲ့ပါတယ်။ ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ PDF လူငယ်လေးတွေဟာ လက်ရှိမှာတော့ တောထဲမှာဒုက္ခမျိုးစုံနဲ့ရင်ဆိုင်ပြီး စစ်ပညာတွေကို ကြိုးကြိုးစားစားသင်ယူနေခဲ့ပါပြီ။ ပြည်သူတွေဟာလည်း အနစ်နာခံပေးဆပ်နေတဲ့ PDF တွေအတွက် မကြာခဏဆိုသလို လှူဒါန်းမှုတွေ ပြုလုပ်ပေးနေကြောင်းလည်း ကနဦးသတင်းတွေအရသိရပါတယ်။

Photo Credit - Ride Behind Kalaw's FB Acc

ဆန္ဒထုတ်ဖော်ပွဲတွေမှာ အစပိုင်းလောက်က လူသေဆုံးမှုသိပ်မရှိခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ပြင်းထန်တဲ့ ဖြိုးခွင်းမှုတွေကြောင့် အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပါတယ်။ (၂၀၂၁) ရဲ့ နွေဦးတော်လှန်ရေး ဆန္ဒပြပုံရိပ်တွေမှာ လူငယ်တွေဟာ အများကြီးဦးဆောင်ပြီး ရှေ့ထွက်ပေးခဲ့တယ်ဆိုတာ ထင်ရှားလွန်းပါတယ်။ (၅၀၅) (က) ကြောင့် ဘေးလွတ်ရာကိုပြောင်းရွှေ့ပြီး မိသားစုနဲ့ခွဲခွာနေရသူတွေ လည်းရှိသလို လက်နက်ကိုင်ကာ တောခိုသွားတဲ့ PDF တွေလည်းရှိတာမို့ ပြည်သူတွေအနေနဲ့ ဒီလိုလူတွေရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးလို့ လှူဒါန်းသင့်ကြောင့် RBK အဖွဲ့က တိုက်တွန်းလာခဲ့ပါ တယ်။

ဘဝတွေကိုရင်းထားရတဲ့သူတွေအတွက် ငွေကြေးတစ်စုံတစ်ရာစွန့်လွှတ်လှူဒါန်းရတာမျိုးဟာ ထိုက်တန်ကြောင်း မှတ်ချက်တွေလည်းပေးခဲ့ကြပါတယ်။ ယခင်ဆန္ဒပြခဲ့စဉ်က အထိကရုဏ်းဖြစ်ပြီး ဖြိုးခွင်းခံခဲ့ရတဲ့ ပုံရိပ်တွေဟာလည်း သမိုင်းမှာ ထင်ထင်ရှားရှားရှိနေဦးမှာပါ။ သတ္တိရှိပြီးရဲရင့်တဲ့ လူငယ်တွေဟာ အာဏာရှင်ကျရှုံးတဲ့အထိ တိုက်ပွဲဝင်သွားမယ့်အကြောင်းကို သူတို့ရဲ့လူမှုကွန်ယက်ကနေ မကြာခဏဆိုသလို ကတိစကားအနေနဲ့ပြောခဲ့ကြပါတယ်။

Photo Credit - Ride Behind Kalaw's FB Acc
Photo Credit - Ride Behind Kalaw's FB Acc
Photo Credit - Ride Behind Kalaw's FB Acc
Photo Credit - Ride Behind Kalaw's FB Acc
Photo Credit - Ride Behind Kalaw's FB Acc
Photo Credit - Ride Behind Kalaw's FB Acc
Photo Credit - Ride Behind Kalaw's FB Acc
Photo Credit - Ride Behind Kalaw's FB Acc

သတင်း အရင်းအမြစ် Ride Behind Kalaw's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T