အကောင်သေးပေမယ့် အရမ်းမြန်ကြတဲ့ ကြွက်နဲ့တူတဲ့ အကောင်လေးများ

//s9.kh1.co/ea/eafa8b56e14baae4f4673a80e1ec773c8aeee5c2.jpg
ဗဟုသုတအဖြာဖြာ

 ၁၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကြွက်လေးတွေနဲ့တူတဲ့ ဒီအကောင်လေးတွေကိုတော့ ဂျာဘိုးအာ (Jerboa) လို့ခေါ်ကြပြီး အာဖရိကမြောက်ပိုင်း ၊ အာရှအရှေ့ပိုင်း နဲ့ အခြားသောနေရာအချို့မှာ တွေ့မြင်နိုင်ပါတယ်။

ဒီကောင်လေးရဲ့ အရွယ်အစားဟာ များသောအားဖြင့် ၈ လက်မလောက်ရှိတတ်ပြီး သူ့ရဲ့အမြှီးကတော့ ၁၀ လက်မလောက် ရှိပါတယ်။

သူတို့ရဲ့ သက်တမ်းကတော့ ပျမ်းမျှအားဖြင့် ၆ နှစ်လောက်ရှိကြပါတယ်။

https://s9.kh1.co/__image/w=600,h=390,q=100/6d/6d6e1ecfefd8162cf8ab767b03e057d7ba504c30.jpg

ဒါ့အပြင် ဒီအကောင်လေးတွေဟာ ရုတ်တရက်ကြည့်ရင် ခြေနှစ်ဖက်ပဲ ရှိတယ်လို့ထင်ရပေမယ့် တကယ်တော့ သူတို့မှာ ခြေချောင်းလေးချောင်းပါပါတယ်။

သူတို့ရဲ့ ​ရှေ့ခြေ နှစ်ချောင်းဟာ နောက်ခြေထက် တော်တော်လေးတိုနေတာကြောင့် သေချာကြည့်မှသာ မြင်ရတာပဲ ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=490,h=275,q=100/c8/c8217087f0f1a683157dd464d46429550261978f.jpg
https://s9.kh1.co/__image/w=650,h=434,q=100/60/60936f06f47dda7b4f78409a9e7938f481b699b5.jpg

ဒီအကောင်လေးတွေဟာ နေ့ဘက်တွေမှာတော့ အိပ်စက်အနားယူကြပြီး ညဘက်မှသာ အစာရှာထွက်တာကြောင့် ဇီးကွက်တွေကို ကြောက်ရပါတယ်။

ဒါပေမယ့် ဂျာဘိုးအာတွေမှာ ထက်မြက်တဲ့အကြားအာရုံရှိပြီး လျှင်မြန်စွာ သွားလာတတ်တာကြောင့် သူတို့ကိုမိဖို့တော့ ခက်ပါတယ်။ ဒီဂျာဘိုးအာတွေဟာ အကောင်ငယ်ပေမယ့် တစ်နာရီကို ၁၅မိုင်နှုန်းလောက်သွားနိုင်တဲ့အထိ မြန်ပါတယ်လို့ သိရပါတယ်။

https://s9.kh1.co/__image/w=500,h=651,q=100/1c/1c89d1aba10acf4d43cd94787a5c7fe60c855ee5.jpg
https://s9.kh1.co/__image/w=650,h=475,q=100/6a/6a4788a319d2d12709cf3a76cef2476461a27fe2.jpg

သတင်း အရင်းအမြစ်Wikipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T