ဓမ္မတာလာခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ နာကျင်ကိုက်ခဲမှုတွေကို သက်သာစေနိုင်မယ့် အစားအစာများ

//s9.kh1.co/c8/c824f50a3a3e6442b8c79b4f68fcccab27aa3c04.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၁၇-စက်-၂၀၂၁ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

ဘယ်လို အစားအစာတွေကိုစားသောက်ရမလဲဆိုတာကိုတော့ (အပြည့်အစုံ ဖတ်ရန် ပုံကိုနှိပ်ပါ)

အမျိုးသမီးအများစုဟာ အပျိုဖော်ဝင်စကာလမှစ၍ တစ်လတစ်ခါ ရာသီသွေး ဓမ္မတာ လာတတ်ကြပါတယ်။ဒီလို ဖြစ်တဲ့အချိန်တွေမှာ ဆိုရင် ဗိုက်အောင့်ခြင်း၊ကြွက်သားများနာကျင်ခြင်း၊စိတ်မကြည်မလင်ဖြစ်ခြင်း အစရှိတဲ့ဝေဒနာများကို ခံစားကြရပါတယ်။ဒီနေ့မှာတော့ ဒီဝေဒနာတွေကို သက်သာစေနိုင်မယ့် အစားအစာတချို့ကိုဖော်ပြထားပါတယ်။

၁။ရေဓာတ်ပြည့်ဝတဲ့ အစားအစာတွေစားသုံးပေးပါ။

အမှန်တကယ်တော့ ရေများများသောက်ပေးတာဟာ အကောင်းဆုံးပါပဲ။ဒါဟာ ဆန့်ကျင်ဘက်သဘောဆန်တယ် လို့ထင်ရသော်လည်းရေသောက်ခြင်းဟာ သင့်ခန္ဓာကိုယ် ကို ရေဓာတ်ကုန်ခမ်းခြင်းမှ ကာကွယ်ပေးတဲ့အပြင် သင့်ရဲ့ ဓမ္မတာနဲ့ နှင့်ပတ်သက်တဲ့ ရောင်ရမ်းနာကျင်မှုအချို့ကိုလည်း သက်သာစေနိုင်ပါတယ်။အကယ်၍ သင်ကိုယ်တိုင်ကရေသောက်တာဝါသနာပါသူမဟုတ်ရင် ဆလတ်ရွက်၊ တရုတ်နံနံ၊ သခွားသီး၊ ဖရဲသီး (သို့) ဘယ်ရီသီးတို့လိုရေဓာတ်ပြည့်ဝတဲ့အသီးအနှံများ၊ပူနွေးသောအရည်များ အစရှိသည်တို့ကို စားသောက်ခြင်းဟာလည်း သင့်ရဲ့ နာကျင်ရောင်ရမ်းမှုတွေကို သက်သာစေပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၂။ဆယ်လ်မွန်ငါးကို စားသုံးပေးပါ။

ဆယ်လ်မွန်ငါးမှာဆိုရင် omega-3S လို့ခေါ်တဲ့ Fatty Acid များကြွယ်ဝတဲ့အတွက် နာကျင်မှုနဲ့ရောင်ရမ်းမှုများကိုလျှော့ချပေးနိုင်ပါတယ်။ဆယ်လ်မွန်ငါးမှာဆိုရင် ကျန်းမာစေနိုင်တဲ့ ပရိုတင်းအရင်းအမြစ်များစွာပါဝင်ပြီး ဗီတာမင် D နှင့် B6 တို့လည်းပါဝင်ပါတယ်။ဗီတာမင် D ဟာ ရာသီလာစဉ် နာကျင်မှုကိုပိုမိုထိန်းညှိပေးနိုင်တဲ့ အခြားအာဟာရဓာတ်ဖြစ်သော ကယ်လစီယမ်ကိုစုပ်ယူရန်ကူညီပေးပြီး ဗီတာမင် B6 ဟာကြွက်တက်ခြင်းနှင့်အတူ သင်ကြုံတွေ့ရနိုင်သော ရင်သားများနာကျင်ခြင်းနဲ့ စိတ်တိုခြင်းတို့ကို လျှော့ချပေးနိုင်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၃။သံဓာတ်ပြည့်ဝစေတဲ့ အစားအစာများ ကိုစားသုံးပေးပါ။

လစဥ်လတိုင်း ဓမ္မတာလာတဲ့ဖြစ်စဥ်ကြောင့် သင်တို့ ခန္ဓာကိုယ်ထဲက သံဓာတ်တွေကိုဆုံးရှုံးနေရပါတယ်။ဒါကြောင့် ဒီသံဓာတ်တွေပြန်ဖြည့်ဖို့ဆိုရင်

အနီရောင် ရှိတဲ့ အသားများ(ဥပမာ-အမဲသား) စားလို့ရသလို ဟင်းသီးဟင်းရွက် ကြိုက်တတ်တဲ့သူတွေအတွက်တော့ အညိုရောင်(သို့မဟုတ်) အစိမ်းရင့်ရောင်ရှိကြတဲ့ ဟင်းသီးဟင်းရွက်တွေစားသုံးပေးဖို့လိုပါတယ်။ဥပမာအနေနဲ့ပြောရရင်ကိုက်လန်နဲ့ဟင်းနုနွယ်ရွက်လိုမျိုး ဗီတာမင်စွမ်းအားတွေပါဝင်တဲ့ အရွက်တွေကိုစားသုံးပေးနိုင်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၄။မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အစားအစာများကိုစားသုံးပေးပါ။

မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ဓာတ်တွေဟာဆိုရင် ဓမ္မတာလာစဥ် ခန္ဓာကိုယ်မှာဖြစ်တတ်တဲ့ ကြွက်တက်ခြင်း၊စိတ်မကြည်မလင်ဖြစ်ခြင်း၊အဆက်မပြတ် နာကျင်ခြင်း အစရှိတဲ့ လက္ခဏာများအားလုံးကို သက်သာစေနိုင်ပါတယ်။ဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ်လုံလောက်စွာပါဝင်တဲ့ အစေ့အဆံများ ၊ပိုတက်ဆီယမ်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ငှက်ပျောသီး အစရှိတာတွေကိုစားပေးဖို့ လိုအပ်ပါတယ်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google

၅။Dark Chocolate စားပေးပါ။

Dark Chocolate တွေမှာ ဆိုရင် မဂ္ဂနီဆီယမ်ဓာတ်နဲ့ အမျှင်ဓာတ်များစွာပါဝင်တဲ့ အတွက် ဓမ္မတာလာနေစဥ် စိတ်မကြည်မလင်ဖြစ်တာနဲ့ နာကျင်ကိုက်ခဲတာတွေကို အလျင်အမြန် သက်သာစေနိုင်ပါတယ်။ဒါကြောင့် Dark Chocolate ကိုလည်း ဓမ္မတာလာနေစဥ်မှာ စားသုံးသင့်ပါတယ်နော်။

Photo Credit From Google
Photo Credit From Google
Photo Credit From Google
Photo Credit From Google
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T