မီးခိုးငွေ့တွေနဲ့ဖုံးလွှမ်းနေပြီး မီးရှို့ခံရလို့ ရစရာမရှိအောင် ပျက်စီးနေတဲ့ နှမ်းခါးရွာရဲ့အခြေအနေကို ဗီဒီယိုဖိုင်နဲ့ချပြလာတဲ့ ဆရာတော်တစ်ပါး

//s9.kh1.co/92/9298eb67dfc4de476d9a8fe8f46ef2e861734d06.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

မီးခိုးငွေ့တွေနဲ့ဖုံးလွှမ်းနေပြီး မီးရှို့ခံရလို့ ရစရာမရှိအောင် ပျက်စီးနေတဲ့ နှမ်းခါးရွာရဲ့အခြေအနေကို ဗီဒီယိုဖိုင်နဲ့ချပြလာတဲ့ ဆရာတော်တစ်ပါး

ကျေးရွာတွေထဲ ဝင်ရောက်တပ်စွဲပြီး ဒေသခံပြည်သူတွေရဲ့ တန်ဖိုးကြီးပစ္စည်းတွေကို ယူဆောင်တာမျိုး၊ နေအိမ်ကို မီးရှို့ဖျက်ဆီးတာမျိုးတွေ ဂန့်ဂေါနယ်မှာ ဖြစ်ပွားနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ အာဏာရှင်လူတစ်စုက ဂန့်ဂေါမြို့နယ်၊နှမ်းခါးရွာထဲ ဒုတိယအကြိမ် ဝင်ရောက်ပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားခဲ့ပါတယ်။နှမ်းခါးရွာသားတွေက ဘေးလွတ်ရာစစ်ဘေးရှောင်နေခဲ့တာ ဖြစ်ပြီး ယခုလိုမီးရှို့ဖျက်ဆီးသွားမှုကြောင့် နေအိမ်အများအပြားပျက်စီးသွားခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

ဆရာတော်တစ်ပါးကတော့ ဂန့်ဂေါနယ်က စစ်ဘေးရှောင်ပြည်သူတွေ၊ မီးဘေးသင့်ပြည်သူတွေဆီကို လှူဒါန်းမှုတွေ ပြုလုပ်ပေးနေခဲ့ပါတယ်။ ယခုမှာတော့ အဆိုပါဘုန်းဘုန်းဟာ မီးခိုးငွေ့တွေနဲ့ ဖုံးလွှမ်းနေပြီး ရစရာမရှိအောင် မီးလောင်ပျက်စီးနေတဲ့ နှမ်းခါးရွာရဲ့ အခြေအနေကို ပြသလာခဲ့ပါတယ်။ နှမ်းခါးကျေးရွာက အချို့နေအိမ်တွေဆိုရင် မီးလောင်နေဆဲဖြစ်သလို အချို့နေအိမ်တွေဆိုရင်လည်း တစ်စစီပျက်စီးနေတဲ့ စိတ်မကောင်းစရာမြင်ကွင်းကို ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

အဆိုပါဘုန်းဘုန်းကတော့ " ဂန့်ဂေါ နှမ်းခါးရွာ စစ်မီးလောင်အိမ် (၅၀) " ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲ ဖြစ်ပါတယ်။ ပြည်သူတွေကတော့ နှမ်းခါးရွာရဲ့ ​ရင်နင့်စရာကောင်းတဲ့ အခြေအနေကိုရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးကို ကြည့်ပြီး အလွန်ဝမ်းနည်းနေကြပါတယ်။ ဂန့်ဂေါမြို့နယ် ၊နှမ်းခါးရွာက ပြည်သူတွေရဲ့ နေအိမ်တွေမီးလောင်ပျက်စီးနေတဲ့ ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T