ရိက္ခာမပြတ်လပ်စေဖို့အတွက် ရေလမ်းကုန်းလမ်းတွေကနေတဆင့် ခက်ခက်ခဲခဲသယ်ယူနေကြရတဲ့ PDF ရဲဘော်များ

//s9.kh1.co/e6/e6fbb9253070b4c80e48842ed8a34dcb77c12ae7.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေကြောင့်လူငယ်တော်တော်များများဟာ အာဏာရှင်ကိုတွန်းလှန်နိုင်ဖို့အတွက် လွတ်မြောက်နယ်မြေမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပူးပေါင်းပြီး စစ်သင်တန်းတွေတက်ရောက်ကာ အသက်စွန့်ကြိုးစား တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်တိုက်ဖြစ်ပွားနေပြီး လွတ်မြောက်နယ်မြေမှာ PDF လူငယ်တွေအနေနဲ့ အခက်အခဲတွေများစွာကို အားတင်းရင်ဆိုင်ကာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေကြတာပါ။

Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc

PDF ရဲဘော်တွေအနေနဲ့လည်း တောထဲတောင်ထဲတွေမှာ ခက်ခက်ခဲခဲစစ်ပညာသင်ယူနေကြရပြီး လိုအပ်ချက်တွေအများအပြားရှိတာကြောင့် ပြည်သူတွေအနေနဲ့လည်း တတ်နိုင်သရွေ့ကူညီလှူဒါန်းမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။ PDFရဲဘော်တွေအနေနဲ့လည်း ပြည်သူတွေထောက်ပံ့ပေးတဲ့ ရိက္ခာတွေနဲ့ လောက်ငှအောင်စားသောက်ကြပြီး အရေးတော်ပုံကြီးအောင်မြင်ရေးအတွက် ကြိုးစားနေကြတာတွေ့ရပါတယ်။

Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc

အခုအခါမှာဆိုရင်လည်း လွတ်မြောက်နယ်မြေကရဲဘော်တွေဟာ ရိက္ခာတွေပြတ်လပ်မှုမရှိစေရန်အတွက် ရေလမ်းကုန်းလမ်းတွေကနေတစ်ဆင့် ခက်ခက်ခဲခဲ ကြိုးစားသယ်ယူနေကြရတာဖြစ်ပါတယ်။ GZ လူငယ်ရဲဘော်လေးတွေခမျာလည်း စစ်ရေးအတွက်ပါသာမက ရိက္ခာတွေအတွက်ပါ အပင်ပန်းခံကြိုးစားနေကြရတာကို တွေ့ရပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

Photo credit-Ye Min Kyi's Facebook acc
Photo credit-Ye Min Kyi's Facebook acc

သတင်း အရင်းအမြစ်Ye Min Kyi's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T