တောင်တန်းဒေသက စစ်ဘေးရှောင် ပြည်သူတွေအတွက် လိုအပ်တာအဝဝကို ခက်ခဲမှုတွေကြားကနေ ကူညီထောက်ပံ့ပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းများ

//s9.kh1.co/d5/d52e1368767aae91c0d4278cd3a46193b2d17779.jpeg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၁am · လွန်ခဲ့သော ၃ နှစ် က

......

မြန်မာနိုင်ငံ နေရာဒေသ အသီးသီးက ပြည်သူပြည်သားတွေ ခမျာ အဆင်မပြေမှု ဒုက္ခမျိုးစုံကို ရင်ဆိုင်နေရပါတယ် ။ ကိုဗစ်ရောဂါ ကတစ်မျိုး တိုက်ပွဲတွေဖြစ်လို့ အိုးမဲ့ အိမ်မဲ့ စားစရာမရှိ ဖြစ်နေကြတဲ့ ပြည်သူတွေက တစ်မျိုးနဲ့ နေ့စဉ်တိုင်း စိတ်မချမ်းမြေ့ဖွယ်ရာ သတင်းတွေက လူမှုကွန်ရက် စာမျက်နှာ တွေ အထက်မှာ အပြည့်ပါပဲ ။

Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page

တောင်တန်း ဒေသတွေမှာလည်း တိုက်ပွဲ အခြေအနေတွေ မတည်ငြိမ်နိုင်သေးသလို  အိုးအိမ်တွေ ပျက်စီးသွားလို့ နေစရာမရှိဘဲ တောတောင်တွေထဲ ခိုလှုံ နေကြရသူတွေ ဒီနေ့ အထိ ရှိနေဆဲပါပဲ ။ ဒါကြောင့်လည်း စာနာစိတ်အပြည့်နဲ့ စေတနာရှင် ပြည်သူတွေ ၊ ပရဟိတ အသင်းတွေ စုပေါင်း​ပြီး ဒီလို နေရာအစုံက အကြောင်းမျိုးစုံသော အခက်အခဲတွေကို အစွမ်းကုန် ကူညီပေးနေကြရပါတယ် ။ 

Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page

အခုလည်း တောင်တန်းဒေသက စစ်ဘေးရှောင် သွေးချင်းညီနောင်တွေအတွက် လိုအပ်တဲ့ ဆေးဝါးများ ၊ စားနပ်ရိက္ခာများ နဲ့ အသုံးအဆောင်များကို လူငယ်လေးများက ခက်ခဲမှုတွေ ကြားကနေ အောင်မြင်စွာ သွားရောက် လှူဒါန်းပေးခဲ့ကြပါတယ် ။ သူတို့ အနေနဲ့လည်း ကူညီမှုတိုင်းမှာ ခက်ခဲမှုပေါင်းစုံ၊ စိန်ခေါ်မှုမျိုးစုံနဲ့ရင်ဆိုင်ကြုံတွေ့ရတယ်လို့ သိရပါတယ် ။ဒါပေမယ့်လည်း  ဘယ်လိုအခက်အခဲရှိနေပါစေ သွေးချင်းတွေနဲ့အတူတူ အမြဲရှိနေမယ်လို့လည်း အားပေးစကားလေး ပြောကြားထားတာ လေးစားစရာ စိတ်ဓာတ်လေးပါပဲ ။ ပရိသတ်ကြီး အတွက် စစ်ဘေးရှောင်ပြည်သူတွေအတွက် သွားရောက်လှူဒါန်းပေးခဲ့ကြတဲ့ ပုံရိပ်တွေကို ဝေမျှပေးလိုက်ပါတယ် ။

Photo Credit : Clean Yangon Facebook Page
Photo Credit : Clean Yangon Facebook Page
Source & Photo Credit : Clean Yangon Facebook Page 
Source & Photo Credit : Clean Yangon Facebook Page 
Khin Pyae Pyae Kyaw
pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T