ခြောက်ပေမယ့် ကြောက်မနေဘူး ဆိုတဲ့ မန္တလေးမြို့က LGBT IQ သပိတ်စစ်ကြောင်း

//s9.kh1.co/82/82fa269f15137ffc10238ce0b177454707f80708.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ဘယ်လောက်တောင် ရဲရဲတောက် ဆန္ဒပြင်းပြကြလဲဆိုတာကိုတော့...... (အပြည့်အစုံဖတ်ရန် ပုံကိုနှိပ်ပါ)

၂၀၂၁ ခုနှစ် ၊ ဖေဖော်ဝါရီ (၁)ရက်နေ့မှစလို့ မြန်မာနိုင်ငံဟာ အာဏာထိန်းချုပ်ခြင်းကို ခံခဲ့ရပါတယ်။ ဒီလိုဖြစ်စဥ်တွေဖြစ်ပွားပြီး သိပ်မကြာခင်မှာပဲ မန္တလေးမှာဆိုရင် ဖေဖော်ဝါရီ (၄) ရက်နေ့၊ ရန်ကုန်မှာဆိုရင် ဖေဖော်ဝါရီ (၆)ရက်နေ့ မှစကာ ပြည်သူများရဲ့ သပိတ်စစ်ကြောင်းကြီး စတင်ခဲ့ကြပါတယ်။ဒီနောက်ပိုင်းမှာလည်း တစ်တိုင်းပြည်လုံးမှာရှိတဲ့ လူထုဟာ လမ်းမပေါ်တက်ကာ မိမိတို့ရဲ့ သွေးသားထဲက ဆန္ဒကို ထုတ်ဖော်ပြသခဲ့ကြပါတယ်။သပိတ်စစ်ကြောင်းတွေကို တောက်လျှောက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆန္ဒထုတ်ဖော်ပြသခဲ့ကြပါတယ်။

Photo Credit From Arsma Bi
Photo Credit From Arsma Bi
Photo Credit From Arsma Bi
Photo Credit From Arsma Bi

သို့ပေမယ့် မတ်၊ဧပရယ်နှင့် မေလများမှာ စစ်ကောင်စီဟာ သပိတ်စစ်ကြောင်းတွေကို တောက်လျှောက် စတင် ဖြိုခွင်းလာပါတယ်။ဒါကြောင့် ယခုနောက်ပိုင်းမှာဆိုရင် ကျောင်းသားပြည်သူတွေဟာ ပျောက်ကြားစနစ်ဖြင့် လူထုကြားသွေးမအေးအောင် အခွင့်အခါသင့်ရင်သင့်သလို ဆန္ဒပြသခဲ့ကြပါတယ်။

Photo Credit From Arsma Bi
Photo Credit From Arsma Bi
Photo Credit From Ko Thet
Photo Credit From Ko Thet

ဒီလို ဆန္ဒပြသကြတဲ့အခါမှာလည်း မြန်မာတစ်နိုင်ငံလုံးက LGBT IQ တွေ များစွာပါဝင်လာကြပါတယ်။ သူတို့ဟာလည်း ဒီ စနစ်ကြီးကိုတော်လှန် တွန်းလှန်ချင်ကြတဲ့စိတ်ကြောင့် ပြည်သူနဲ့တစ်သားတည်း တူတူ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ယနေ့ စက်တင်ဘာ(၁၇) မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးမှာ LQBT IQ တို့ရဲ့ သပိတ်စစ်ကြောင်းဟာ ချီတက်လာတာကို တွေ့ရမှာပါ။သူတို့ရဲ့သွေးတွေ ဘယ်လောက်ရဲရဲတောက်လဲဆိုတာ ပုံတွေကြည့်ရှုပေးကြပါဦးနော်။

Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Photo Credit From Spring Diary
Thandar Aung
Thandar Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T