မိုင်းထိမှန်ခဲ့တာကြောင့် ကားတစ်စီးလုံးလည်း မီးလောင်သွားခဲ့တဲ့အပြင် ယာဥ်မောင်းတစ်ဦးပါ သေဆုံးသွားခဲ့ရတဲ့ မုံရွာ - ဂန့်ဂေါ - ကလေး ကားလမ်းပေါ်ကဖြစ်ရပ်

//s9.kh1.co/65/653a7834c9ee55fc67d59b41d032a7047dcf2301.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

လတ်တလော မကွေးတိုင်းအတွင်းက မြို့နယ်တွေမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အာဏာရှင် လူတစ်စုတပ်တွေအကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားပြီး လက်ရှိအချိန်ထိ နှစ်ဖက်တင်းမာမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ မြို့ခံ ပြည်သူ့ကာကွယ်ရေးတပ်တွေက မုံရွာ - ဂန့်ဂေါ - ကလေး ကားလမ်းပိုင်းကို စစ်ရေးအရ အများပြည်သူများ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ဖို့ ထုတ်ပြန်ကြေညာ ထားခဲ့ပါတယ်။ ဒီလို ကြေညာထားပေမယ့် အဆိုပါလမ်းကို အသုံးပြုတဲ့ ခရီးသွားကားတချို့ မိုင်းထိမှန်တာတွေလည်း ရှိလာခဲ့ပါတယ်။

Photo Credit - EPN
Photo Credit - EPN

စတင်ဘာလ(၁၅) ရက်နေ့မှာတော့ မုံရွာ - ဂန့်ဂေါ - ကလေးကားလမ်းပေါ်မှာ (၁၂) ဘီးကားတစ်စီး မိုင်းထိမှန်ခဲ့ကြောင်း သိရပါတယ်။ မိုင်းထိမှန်မှုကြောင့် (၁၂) ဘီးကားဟာ မီးလောင်ပျက်စီးသွားခဲ့တဲ့အပြင် နေရာမှာ ယာဥ်မောင်းတစ်ဦးလည်း သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ယာဥ်မောင်းဟာ ချင်းပြည်နယ် တီးတိန်မြို့နယ်က အသက် (၃၁)နှစ်ရှိ ကိုဟောက်ခန့်ခုပ်ဖြစ်ပြီး ကားပြင်ဖို့အတွက် ကုန်မပါပဘဲ မန္တလေးကို အသွားမှာ မိုင်းနင်းမိထိမှန်ခဲ့တာ ဖြစ်ပါတယ်။

Photo Credit - EPN
Photo Credit - EPN

လက်ရှိမှာတော့ အဆိုပါ ကားလမ်းကို အသုံးပြုသူများ နည်းပါးသွားခဲ့ပေမယ့်လည်း တချို့ ခရီးသွားများကတော့ သွားလာနေကြဆဲဟု သိရပါတယ်။ မုံရွာ- ဂန့်ဂေါ - ကလေး ကာလမ်းပိုင်းကို ပြီးခဲ့တဲ့ ဇွန်လပိုင်းလောက်ကနေ စတင်ပြီး ယခုလ (၁၅) ရက်အထိ ရက်ပေါင်း (၁၀၀) အတွင်းမှာ ကားလမ်း မိုင်ပေါက်ကွဲမှု အကြိမ်ရေ (၂၀)ကျော်လောက် ရှိကြောင်း ကြားသိရပါတယ်။

Photo Credit - EPN
Photo Credit - EPN

သတင်း အရင်းအမြစ်Source - EPN

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T