ဆိုင်ကယ်လိုင်စင်တွေ ပြုလုပ်ဖို့အတွက် ကညနအောက်ရုံးရှေ့မှာ ကြိတ်ကြိတ်တိုးတန်းစီပြီး စောင့်ဆိုင်းနေကြတဲ့ မော်လမြိုင်က ပြည်သူများ

//s9.kh1.co/82/825586e8af41e8879f465e129de146803d6a6281.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ဆိုင်ကယ်လိုင်စင်တွေ ပြုလုပ်ဖို့အတွက် ကညနအောက်ရုံးရှေ့မှာ ကြိတ်ကြိတ်တိုးတန်းစီပြီး စောင့်ဆိုင်းနေကြတဲ့ မော်လမြိုင်က ပြည်သူများ

ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ နှစ်လကျော်ကြာပိတ်ထားတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ရန်ကုန်၊ မန္တလေးအပါအဝင်နယ်မြို့တစ်ချို့မှာရှိတဲ့ နိုင်ငံကူးလက်မှတ်ထုတ်ပေးတဲ့ ရုံးတွေကိုပြန်ဖွင့်ခဲ့တာ ဖြစ်ပြီး လူအချို့သွားရောက်ကာ ပတ်စပို့စ်ပြုလုပ်နေတာကို မြင်တွေ့ခဲ့ရပါတယ်။ ပိတ်ထားတဲ့ အစိုးရလုပ်ငန်းအချို့ပြန်ဖွင့်နေတာ ဖြစ်ပြီး မော်လမြိုင်မြို့က ကညနအောက်ရုံးမှာလည်း ဆိုင်ကယ်လိုင်စင်တွေ ပြုလုပ်ပေးနေခဲ့ပါတယ်။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

စက်တင်ဘာလ(၁၆)ရက်နေ့ မနေ့ကစပြီး မော်လမြိုင်မြို့က ကညနအောက်ရုံးမှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ထုတ်ပေးနေကြောင်း သိရှိရပါတယ်။ ယနေ့မှာလည်း မော်တော်ဆိုင်ကယ်လိုင်စင်တွေ ထုတ်ပေးနေတာဖြစ်ပြီး လိုင်စင်မဲ့မော်တော်ဆိုင်ကယ်တွေ အများအပြားလာရောက်ကာ လိုင်စင်ပြုလုပ်နေကြပါတယ်။ မော်လမြိုင်က ပြည်သူတွေဟာ မော်တော်ဆိုင်ကယ် လိုင်စင်ပြုလုပ်ဖို့အတွက် ကညနအောက်ရုံးရှေ့မှာ တန်းစီပြီး စောင့်ဆိုင်းနေကြပါတယ် ။

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder

မော်လမြိုင်က ပြည်သူတစ်ဦးကတော့ " မော်လမြိုင်မြို့တွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ လိုင်စင်ပြုလုပ်ပေးနေပါတယ် ကညန အောက်ရုံးတွင် ဆိုင်ကယ်လိုင်စင်များကို (၁၆.၉.၂၀၂၁)ရက်နေ့မှစတင်ပြီး ပြုလုပ်ပေးနေကြောင်း သိရှိရပါတယ် "ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားခဲ့ပါတယ်။ ဆိုင်ကယ်လိုင်စင်ပြုလုပ်ဖို့အတွက် ဆိုင်ကယ်တွေရပ်ပြီး တန်းစီစောင့်ဆိုင်းနေကြတဲ့ မော်လမြိုင်မြို့က ပြည်သူတွေရဲ့ ပုံရိပ်တွေကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

Source :  Original Uploder

Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Photo Credit: Original Uploder
Kaung Htet Kyaw
Kaung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T