မုံရွာတစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ မြန်မာဘီယာရုံးကို ဗုံးဖောက်ခွဲပြီး သတိပေးခဲ့တဲ့ MPDF အဖွဲ့ရဲ့ဗီဒီယိုဖိုင်

//s9.kh1.co/87/874e553ba569f3dc4ca29192f308fad9131c8b42.jpg
နေ့စဉ်သတင်းများ

 ၁၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

မုံရွာတစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ မြန်မာဘီယာရုံးကို ဗုံးဖောက်ခွဲပြီး သတိပေးခဲ့တဲ့ MPDF အဖွဲ့ရဲ့ဗီဒီယိုဖိုင်

ယခုလက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အာဏာရှင်အမြစ်ဖြုတ်ချေမှုန်းရေးအတွက် ဖောက်ခွဲရေးလုပ်ငန်းတွေကို နေရာအနှံ့မှာ လုပ်ဆောင်နေကြပြီပဲ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့စက်တင်ဘာလ (၁၆) ရက်နေ့ညကလည်း မုံရွာမြို့နယ်မှာရှိတဲ့ Myanmar Beer ရုံးမှာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့တစ်မြို့လုံးနဲ့ နယ်အသီးသီးကို ဖြန့်ဝေရောင်းချနေတဲ့ မြန်မာဘီယာရုံးကို မုံရွာမြို့နယ်ရှိ MPDF အဖွဲ့က ဗုံးဖောက်ခွဲခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page

MPDF အဖွဲ့က အာဏာရှင်တွေရဲ့ထောက်တိုင်တစ်ခုဖြစ်တဲ့ မြန်မာဘီယာရုံးကို ဖောက်ခွဲရေးပြုလုပ်ပြီး သတိပေးခဲ့တာ ဖြစ်ပါတယ် ။ သံမဏိတပ်ဖွဲ့ဖောက်ခွဲပညာရှင် ခွန်ဆာတို့အဖွဲ့က (16.9.2021)၊ ည (7:30)အချိန်ခန့်မှာ ဖောက်ခွဲခဲ့တာဖြစ်ကြောင်း MPDF ကိုယ်စားပြုဖြစ်တဲ့ သံမဏိနှင့်အဖွဲ့သားများအဖွဲ့က ကြေညာခဲ့တာ ဖြစ်ပါတယ် ။ ဒီဖောက်ခွဲမှုကြောင့် မြန်မာဘီယာရုံးရှိ ဝန်ထမ်းများ ထိခိုက်မှုမရှိခဲ့ကြောင်း သံမဏိနဲ့အဖွဲ့သားများက ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page
Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page
Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page
Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page

ဒါ့အပြင် MPDF ကိုယ်စားပြု သံမဏိနှင့်အဖွဲ့သားများက မြန်မာဘီယာရုံးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဖော်ပြပေးထားတာလည်း တွေ့ရပါတယ်။ လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အာဏာရှင်တွေရဲ့စီးပွားရေးထောက်တိုင်တွေကို ရတဲ့နည်းလမ်းနဲ့ တိုက်ခိုက်နေကြတာ တွေ့ရပါတယ်။ မနေ့ညက မုံရွာမြို့မှာရှိတဲ့ Myanmar Beer ရုံးကို ဖောက်ခွဲသတိပေးခဲ့တဲ့ MPDF တွေရဲ့ဗီဒီယိုဖိုင်ကို ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။
Source & Video Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page

Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page
Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page
Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page
Photo Credit-"သံမဏိနှင့် အဖွဲ့သားများ-MPDF ကိုယ်စားပြု" FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T