နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် အချုပ်အနှောင်ခံထားရတဲ့ ပိုင်တံခွန်လေးရဲ့ (၂၅) နှစ်ပြည့်မွေးနေ့

//s9.kh1.co/09/09229fc28b8d548a2445f8b26899c295895ec62f.jpg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

သူ့ fan တွေနဲ့ ပရိသတ်တွေကတော့ အချုပ်အနှောင်ခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ........

ဒီနေ့ စက်တင်ဘာလ(၁၇)ရက်နေ့ဟာ မြန်မာနိုင်ငံရဲ့ ပြည်သူ့ကိုကိုဖြစ်တဲ့ မင်းသားချော ပိုင်တံခွန် ရဲ့ (၂၅) နှစ်ပြည့် မွေးနေ့ရက်လေး ဖြစ်ပါတယ်။

Photo Credit : Google
Photo Credit : Google

နိုင်ငံကျော် မော်ဒယ်၊ သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ပိုင်တံခွန်က ရှည်လျားတဲ့ အရပ်အမောင်းနဲ့ ယောကျာ်းဆန်တဲ့ မျက်နှာကြောင့် မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားလေးတစ်ဦး ဖြစ်နေတာပဲ ဖြစ်ပါတယ်။

ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက ပြည်ပနိုင်ငံအသီးသီးက ပရိသတ်တွေကြားမှာပါ တော်တော်လေး ရေပန်းစားအောင်မြင်ခဲ့ပြီး ပြီးခဲ့တဲ့ (၂၀၁၉) ခုနှစ်မှာလည်း ထိုင်းနိုင်ငံမှာ Fan Meeting လုပ်နိုင်တဲ့အထိ အောင်မြင်ခဲ့တာပဲ ဖြစ်ပါတယ်။ ထိုင်းလူမျိုး ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားတဲ့ ပိုင်တံခွန်က သူ့ရဲ့ အထိမ်းအမှတ်နေ့တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေက သတိတရနဲ့ အလှူအတန်းတွေ ပြုလုပ်ပေးလေ့ရှိပါတယ်။

Photo Credit : Google
Photo Credit : Google
Photo Credit : Google
Photo Credit : Google

TC Candler ကနေ ရွေးချယ်လိုက်တဲ့ တစ်ကမ္ဘာလုံးရဲ့ အချောဆုံး၊အလှဆုံး အယောက် ၁၀၀ စာရင်းဖြစ်တဲ့ The 100 Most Handsome & Beautiful Faces 2020 ရော 2021 စာရင်းမှာ သရုပ်ဆောင် ပိုင်တံခွန်ကပါဝင်လာတယ်လို့ TC Candler Entertainment ကနေ ထုတ်ပြန်ကြေညာထားပါသေးတယ်။

Photo Credit : TC Candler
Photo Credit : TC Candler
Photo Credit : TC Candler
Photo Credit : TC Candler

အခုလက်ရှိမှာတော့ ပိုင်တံခွန်က လတ်တလောဖြစ်ပေါ်ခဲ့တဲ့ နွေဦးတော်လှန်ရေးမှာ အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့ ဧပြီလ (၇)ရက်နေ့က အင်းစိန်ထောင်မှာ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပါတယ်။

Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook
Photo Credit :Paing Takhon's Facebook

သူ့ fan တွေနဲ့ ပရိသတ်တွေကတော့ ????? ???????? ?? ????? ?????? အချုပ်အနှောင်ခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာသတိတရနဲ့ ဆုတောင်း‌ပေးထားကြပါသေးတယ်။

Cherry Nwe Oo
Cherry

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T