ပိုင်တံခွန်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့လေးမှာ အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ သတိတရနဲ့ဆုတောင်းပေးလိုက်တဲ့ သရုပ်ဆောင်ညီနန္ဒ

//s9.kh1.co/30/30b37156d693cae648d40c3aa65a2abf793a5f11.jpeg
အနုပညာရှင်များ

 ၁၇-စက်-၂၀၂၁ ၉am · လွန်ခဲ့သော ၃ နှစ် က

ပိုင်တံခွန်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့လေးမှာ အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပါစေလို့ သတိတရနဲ့ဆုတောင်းပေးလိုက်တဲ့ သရုပ်ဆောင်ညီနန္ဒ

(၇)လကျော်ကြာမြင့်သွားပြီဖြစ်တဲ့ လက်ရှိပြည်တွင်းရေးအခြေအနေမှာ ပြည်သူလူထုဘက်ကလည်း ဆုံးရှုံးမှုတွေများနေပေမယ့် အားတင်းရင်ဆိုင်နေကြဆဲဖြစ်ပါတယ်။တချို့သူရဲကောင်းတွေ ကျဆုံးသွားခဲ့ပြီး တချို့တွေလည်းဖမ်းဆီးခံထားရတာကြောင့် နွေးထွေးတဲ့မိသားစုဘဝလေးတွေ လူမစုံတော့တာဖြစ်ပါတယ်။ဒီလိုအခြေအနေကနေပြန်လည်ရုန်းထွက်နိုင်ဖို့အတွက် တချို့ပြည်သူတွေက တောထဲဝင်ပြီး စစ်ပညာသင်ကြားနေကြတာပဲဖြစ်ပါတယ်။

Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ညီနန္ဒကလည်း အခုချိန်မှာ အဝေးတစ်နေရာကိုရောက်ရှိနေပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်နေတာဖြစ်ပါတယ်။ဒါ့အပြင် သူနဲ့ရင်းနှီးခင်မင်ရတဲ့ အနုပညာရှင်တချို့လည်းဖမ်းဆီးခံထားရတာကြောင့် သူတို့အတွက်လည်းဆုတောင်းပေးနေတာဖြစ်ပါတယ်။ပိုင်တံခွန်ဆိုရင် ယနေ့အချိန်ထိပြန်လည်မလွတ်မြောက်သေးတာကြောင့် သူ့ရဲ့မိသားစုဝင်တွေနဲ့ ပရိသတ်တွေလည်းစိတ်ပူပန်နေရတာပဲဖြစ်ပါတယ်။

Photo Credit:Nyi Nanda’s Facebook page 
Photo Credit:Nyi Nanda’s Facebook page 
Photo Credit:Nyi Nanda’s Facebook page 
Photo Credit:Nyi Nanda’s Facebook page 

ဒီနေ့လေးကတော့ ပိုင်တံခွန်ရဲ့ (၂၅)နှစ်ပြည့်မွေးနေ့လေးဖြစ်လို့ ပရိသတ်တွေက လူမှုကွန်ယက်စာမျက်နှာပေါ်မှာသတိတရနဲ့ မွေးနေ့ဆုတောင်းလေးရေးပေးကြပါတယ်။ညီနန္ဒကလည်း "ဘယ်လိုမှမပျော်ရွှင်နိုင်တဲ့ ညီလေးရဲ့မွေးနေ့လေးမှာ အမြန်ဆုံးလွတ်မြောက်ပါစေလို့ ဆုတောင်းမေတ္တာပို့လိုက်ပါတယ်" ဆိုပြီး ရေးသားထားတာဖြစ်ပါတယ်။ပိုင်တံခွန်လည်း မွေးနေ့လေးမှာအရင်လိုမပျော်ရွှင်ပေမယ့် ပရိသတ်တွေနဲ့ မိတ်ဆွေတွေရဲ့ ဆုတောင်းမေတ္တာလေးတွေကိုရရှိထားတဲ့အကြောင်းကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit:Nyi Nanda’s Facebook page 
Photo Credit:Nyi Nanda’s Facebook page 
Photo Credit: Original Uploder 
Photo Credit: Original Uploder 

Source&Photo Credit:Nyi Nanda’s Facebook page 

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T