ကလေးမြို့ကပထမဆုံး CDM လှုပ်ရှားမှုတွင်ပါဝင်ခဲ့သူ ရဲတပ်ဖွဲ့ဝင် ကိုလှမျိုးထွဋ် မင်းကင်းမြို့နယ် တိုက်ပွဲတစ်ခုတွင်ကျဆုံး

//s9.kh1.co/fa/fa9b87ce745fb9f30713c131aaceb15ad8a99caa.png
နေ့စဉ်သတင်းများ

 ၁၆-စက်-၂၀၂၁ ၄pm · လွန်ခဲ့သော ၃ နှစ် က

..

အာဏာသိမ်းမှုဖြစ်စဉ်စတင်ပြီးနောက်ပိုင်း အာဏာရှင်ရဲ့လက်အောက်ကနေ ပြည်သူ့ဘက်တော်သား အဖြစ်ကိုကူးပြောင်းလာခဲ့တဲ့ ကလေးမြို့က CDM ရဲတပ်ဖွဲ့ဝင် ကိုလှမျိုးထွဋ်ဟာ စက်တင်ဘာလ (၁၅) ရက်နေ့မှာ မင်းကင်းမြို့နယ်က တိုက်ပွဲတခုတွင် ကျဆုံးသွားခဲ့ကြောင်း သိရပါတယ်။ ကိုလှမျိုးထွဋ်ရဲ့ ဇနီးဖြစ်သူဟာလည်း CDM ရဲမေတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ သူမကိုအဆက်အသွယ်မရသေးဘူး လို့ ကနဦးသတင်းတွေအရသိရပါတယ်။

Photo Credit - PDF Reference News's FB Acc
Photo Credit - PDF Reference News's FB Acc

ဇနီးမောင်နှံနှစ်ယောက်လုံးဟာ အမှန်တရားဖက်ကရပ်တည်ကြသူတွေဖြစ်တာကြောင့် အခုလို ခင်ပွန်းဖြစ်သူကျဆုံးသွားတဲ့အပေါ်မှာ များစွာစိတ်မကောင်းဖြစ်ရကြောင်း ပြည်သူအများက မှတ်ချက်ပေးခဲ့ ကြပါတယ်။ ပြည်သူတွေဖက်ကရပ်တည်ပြီး တိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့တာမို့ ပြည်သူအများက အမြဲတမ်းအမှတ်ရနေပြီး ဂုဏ်ပြုနေမယ့်အကြောင်းလည်း ပြောခဲ့ကြပါသေးတယ်။ သူရဲကောင်းဆန်ဆန် ကျဆုံးသွားခဲ့တာကြောင့်လည်း အားလုံးရဲ့လေးစားမှုနဲ့တိုက်တန်ကြောင်း စသဖြင့် အမျိုးမျိုးသော မှတ်ချက်တွေပေးခဲ့ကြပါတယ်။

Photo Credit - PDF Reference News's FB Acc
Photo Credit - PDF Reference News's FB Acc

ကလေးမြို့က ပထမဆုံး CDM လုပ်တဲ့ ရဲတပ်ဖွဲ့ဝင်တွေထဲမှာ ကိုလှမျိုးထွဋ်လည်းပါဝင်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်ကြတဲ့ မင်းကင်းမြို့က တိုက်ပွဲတွေထဲကတစ်ခုမှာ အခုလို အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ မတရားမှုကိုဆန့်ကျင်ပြီ အာဏာရှင်ကို ရဲရဲဝံ့ဝံ့တော်လှန်ခဲ့သူ သူရဲကောင်းဖြစ်တာမို့ မတရားမှုတွေ ကင်းရှင်းတဲ့နေရာမှာ တစ်ဖန်ပြန်လည်မွေးဖွားပြီး အေးချမ်းပါစေလို့ ဆုတောင်းပေးပါတယ်။

Photo Credit - PDF Reference News's FB Acc
Photo Credit - PDF Reference News's FB Acc

သတင်း အရင်းအမြစ်PDF Reference News's FB Acc

Yee Mon Oo
Candy

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T