တောင်ကိုရီးယားက ပထမဆုံးအကြိမ်အဖြစ် ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံးတစ်ခုကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ပါတယ်။
စက်တင်ဘာ ၁၅ ရက်မှာ မြောက်ကိုရီးယားက ပင်လယ်ထဲသို ပဲ့ထိန်းဒုံးကျည် နှစ်စင်း ပစ်လွှတ်ခဲ့ပြီး နာရီပိုင်းအကြာမှာ တောင်ကိုရီးယားနိုင်ငံက ယင်းဒုံးကျည်စမ်းသပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာပေါ်မှာ ၇ နိုင်ငံမြောက် အဆင့်မြင့်နည်းပညာပိုင်ဆိုင်တဲ့ နိုင်ငံဖြစ်လာခဲ့ပြီး ဒေသတွင်း လက်နက်အပြိုင်အဆိုင် တပ်ဆင်မှု အလားအလာကို မြင့်တက်စေခဲ့ပါတယ်။
တောင်ကိုရီးယားသမ္မတ မွန်းဂျေအင်းရဲ့ ကြီးကြပ်မှုအောက်မှာပြုလုပ်ခဲ့တဲ့ ယင်းဒုံးကျည်စမ်းသပ်မှုက ဆိုးလ်မြို့သို့ တရုတ် နိုင်ငံခြားရေးဝန်ကြီး အလည်အပတ် ရောက်ရှိနေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
တောင်ကိုရီးယားရဲ့ ဒုံးကျည်ဟာ အသစ်ခန့်အပ်ထားတဲ့ Ahn Chang – ho အမည်ရှိ ရေငုပ် သင်္ဘောကနေ ပစ်လွှတ်ခဲ့တာဖြစ်ပြီး သတ်မှတ်ထားတဲ့ အကွာအဝေးကို ဖြတ်သန်းကာ ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို အိမ်ပြာတော်က ထုတ်ပြန်ခဲ့သည်။
ရေငုပ်သင်္ဘောကနေ ပစ်လွှတ်လိုက်တဲ့ ပဲ့ထိန်း ဒုံးကျည် (SLBM)ကို ပိုင်ဆိုင်ထားက ကာကွယ်ရေးအတွက် အလွန်ပြည့်စုံတဲ့ အဟန့် တစ်ခုဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ရန်လိုမှုတွေကို အချိန်မရွေးတုံပြန်နိုင်ဖို့ လုံလောက်တဲ့ အဟန့်အတား တောင်ကိုရီးယာမှာ ရှိနေပြီဖြစ်ကြောင်း အိမ်ပြာတော်က ပြောကြား ခဲ့ပါတယ်။
မြောက်ကိုရီးယားက တာတိုပစ် ပဲ့ထိန်း ဒုံးကျည်နှစ်စင်းကို ၎င်းရဲ့အရှေ့ဘက် ကမ်းလွန်ပင်လယ်ထဲကို ပစ်လွှတ်ခဲ့တယ်လို Seoulရဲ့ ပူးတွဲ စစ်ဦးစီးချုပ်တွေကို ထုတ်ပြန်ခဲ့ပါတယ်။
တောင်ကိုရီးယား ရေငုပ်သင်္ဘောကနေ ပဲ့ထိန်းဒုံး စမ်းသပ်ပစ်လွှတ်မှု ရုပ်သံဖိုင်